
လိုအပ်ပါက
- မိခင်ရဲ့ သွေးအားအနည်း၊အများ၊
- ဆီးလမ်းကြောင်းပိုး ရှိ၊မရှိ ထပ်မံစစ်ဆေးဖို့ လိုပါတယ်။
- ကိုယ်ဝန် ၂၄-၂၈ ပါတ် လောက်မှာ ကိုယ်ဝန်မှာဖြစ်တဲ့ ဆီးချို (Gestational Diabetes Mellitus) ဖြစ်နိုင်ခြေရှိသော မိခင်များ အတွက် 75 Gram Glucose ဖျော်ရည် သောက်ပြီး ခန္ဓာကိုယ်ရဲ့ အချိုဓါတ်ကို ခံနိုင်ရည် တုံ့ပြန်မှုကို စစ်ဆေးခြင်း (Oral Glucose Tolerance Test) သွေးစစ်ရပါမယ်။
လိုအပ်တဲ့ပြုပြင်စရာများကို ပြုပြင်ထားရပါမယ်။ ဥပမာ- သွေးအားနည်း နေရင် သွေးအားတိုးစေမဲ့ အစားအစာများစားခြင်း၊ သွေးအားတိုးဆေး သောက်စေခြင်းဖြင့် ပြုပြင်ရမှာဖြစ်ပါတယ်။ ဆီးလမ်းကြောင်းပိုးရှိခဲ့ရင် လိုအပ်တဲ့စစ်ဆေးမှုတွေ ထပ်လုပ်ခြင်းနှင့် သင့်တော်သော ပဋိဇီဝဆေး များသောက်စေခြင်းဖြင့် ဆီးလမ်းကြောင်းပိုးကြောင့် ဖြစ်နိုင်သော နောက်ဆက်တွဲ ပြသနာများ ဥပမာ မိခင်ဖျားခြင်း၊ ကျောက်ကပ်ယောင်ခြင်း၊ လမစေ့ဘဲ မွေးခြင်းများကို ကာကွယ်နိုင်ပါတယ်။