
- ကိုယ်ဝန် ၂၀-၂၄ ပါတ် လောက်မှာ ခြေလက်အင်္ဂါစုံ၊မစုံကို အာထရာဆောင်းရိုက်ရင်း “သားသားလေး လား၊ မီးမီးလေးလား” ကိုလည်း သိနိုင်ပါပြီ။ အနည်းစုမှာတော့ ကလေး အနေအထားကြောင် ကြည့်လို့ မမြင် နိုင်သေးတာ ဖြစ်နိုင်ပါတယ်။ ဒုတိယ ၃လ မှာ ကလေး က သေးငယ်သေးပြီး ရေမွှာရည်က များတဲ့အတွက် ပတ်ခြာလည် လှည်နေမှာဖြစ်ပါတယ်။ ရင်သွေးလေး နေချင်သလို နေနေမှာပါ။ ကလေး အနေအထားက အရေးမကြီး သေးပါဘူး။ စိတ်မပူရသေးပါ။
- လိုအပ်ပါက ရင်သွေးလေး၏ ကြီးထွားမှု ပုံမှန် ဖြစ်၊ မဖြစ်သိရှိနိုင်ရန် အာထရာဆောင်းရိုက်ပြီး ဂျိုစောင်း ၂ခု အကွာအဝေး (Biparietal Diameter)၊ ခေါင်းပတ်ခြာလည် (Head Circumference)၊ ဝမ်းဗိုက် ပတ်ခြာလည်(Abdominal Circumference)၊ ပေါင်ရိုး(Femour length) တိုင်း နိုင်ပါတယ်။ ပုံမှန် ၂ပတ်ခြားတစ်ခါ အာထရာဆောင်း ရိုက်နိုင်ပါတယ်။
- ရေမွှာရည်ပမာဏ (Amniotic Index) ကိုလည်း တိုင်းနိုင်ပါတယ်။ ရေမွှာရည် အနည်းအများကိုကြည့်ပြီး ရင်သွေးလေးရဲ့ ကျန်းမာရေးကို အကဲခတ်နိုင်ပါတယ်။