
၁၅ ပတ်သားအရွယ်မှာ သန္ဓေသားလေးဟာ ၁၀.၀ စင်တီမီတာ (၄ လက်မ) လောက်ရှိပြီဖြစ်ပါတယ်။

ပန်းသီး အရွယ်လောက်ရှိပါပြီ။
ခန္ဓာကိုယ်ရဲ့ ကြီးထွားနှုန်း
ကိုယ်အလေးချိန် ၇၀ ဂရမ် (၂.၅ အောင်စ) လောက်ရှိပြီဖြစ်ပါတယ်။ အရိုးတွေပိုမာလာပြီး ကြွက်သားတွေလည်း ဆက်လက်ဖွံ့ဖြိုးနေပါတယ်။
ခြေလက်များ
ခြေထောက်လေးတွေလည်း ဆက်လက်ရှည်ထွက်နေပါတယ်။ ခြေထောက်တွေက လက်ထက်ပိုရှည်လာပါပြီ။ လက်ဆစ်ခြေဆစ်တွေအားလုံး လှုပ်ရှားနိုင်ပါပြီ။
ဦးခေါင်းနဲ့ ခန္ဓာကိုယ်
မျက်လုံးမဖွင့်သေးပေမဲ့ အလင်းရောင်ကို သိလာပါပြီ။ပြင်ပက အလင်းရောင်ကို မျက်ခွံလေးတွေနဲ့ မေမေ့ ဗိုက်နံရံကိုဖြတ်ပြီး ခံစားနိုင်ပါပြီ။ မျက်ခုံးမွှေးလေးတွေစထွက်နေပါပြီ။ အကြားအာရုံလည်းဖွံ့ဖြိုးနေပါသည်။ မိခင်ရဲ့ နှလုံးခုန်သံတွေ၊ အူတွေလှုပ်ရှားလို့ မြည်တဲ့ အသံတွေ ကိုကြားနေရပြီဖြစ်ပါတယ်။ မိခင်ပြောတဲ့အသံ ကိုလည်းကြား နေနိုင်ပါပြီ။ အခုအချိန်မှာအရသာမခံစားတတ်သေးပေမဲ့ အရသာခံတဲ့ Taste buds လေးတွေကို အရသာခံစားတတ်တဲ့ ဉီးနှောက်နဲ့ အာရုံကြောလေးတွေက ချိတ်ဆက်ပေးနေပါပြီ။ သူရဲ့ အသက်ရှူတဲ့ပုံစံက ပိုပြီး တိုးတက်လာပါတယ်။ ရေမြွှာရည်ကိုသူ့ အဆုတ်ထဲ ရှူသွင်းတတ်လာပါတယ်။ အဲ့ဒီလိုရှူသွင်းခြင်းဟာ အဆုတ်ကိုပိုမိုဖွံ့ဖြိုးလာစေပါ တယ်။ သားသားလား မီးမီးလားကွဲပြားနေပါပြီ။