မျက်နှာက ဖြူနေပြီး လည်ပင်းကြီးက မည်းနေတယ်ဆို မဟုတ်သေးပါဘူး။ ဒါဆို ဆံပင်သိမ်းတင်ထားတဲ့ အချိန်ဆို တော်တော်လည်း ကြည့်ရဆိုးပါတယ်။ အရေှ့က ကြည့်ရင် မသိသာပေမယ့် ဘေးတိုက်တို့ ၊အနောက်တို့က ကြည့်မယ်ဆို သိပ်အမြင်ရဆိုးစေပါတယ်။ ဘယ်သူကတော့ ဒီလိုမျိုး မည်းနေချင်မှာလဲနော်။ ဒါကြောင့် ဒီတစ်ခါမှာတော့ မည်းနေတဲ့ဂုတ်သားနဲ့ လည်ပင်းကို ပြန်လည် ဖြူဝင်းလာစေမယ့် အိမ်တွင်းကုသနည်း ( ၅ ) မျိုးကို အခုလိုပဲ တင်ပြပေးလိုက်ပါတယ်။
၁။ မုန့်ဖုတ်ဆိုဒါ
------------------
အရင်ဆုံး မုန့်ဖုတ်ဆိုဒါ ၂ဇွန်း ၃ဇွန်းလောက်ကို ရေနဲ့ရောပြီးတော့ မည်းနေတဲ့ဂုတ်ပေါ် တင်ပေးလိုက်ပါ။ ခြောက်သွားရင်တော့ လက်နဲ့ပွတ်ချပြီးတော့ ရေဆေးလို့ ရပါပြီ။ နောက်ဆုံးအနေနဲ့ လည်ပင်းကို ခြောက်အောင်သုတ်ပြီးတော့ Moisturizer လေး လိမ်းပေးလိုက်ပါ။ တစ်ပတ်လောက် နေ့တိုင်း ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင်တော့ ရလဒ်ကောင်းလာတာကို တေွ့ရပါလိမ့်မယ်။
၂။ သံလွင်ဆီနဲ့ သံပုရာရည်
--------------------------
သံလွင်ဆီနဲ့ သံပုရာရည်ကို ရောပြီးတော့ ညအိပ်ရာမဝင်ခင် တစ်လလုံး မည်းနေတဲ့ ဂုတ်ပေါ်လိမ်းအိပ်ပေးပါ။ တစ်လလောက်နေရင်တော့ အရောင်ကျသွားတာ တေွ့ရပါလိမ့်မယ်။
၃။ အာလူးရည်
----------------
အာလူးကို အရည်ရအောင် ညှစ်ပြီးတော့ ဂုတ်ပေါ် ၁ဝမိနစ် ၁၅ မိနစ်လောက် လိမ်းထားပေးပါ။ ပြီးရင်တော့ ရေနေွးလေးနဲ့ ဆေးချလို့ ရပါပြီ။ တစ်နေ့ ၁ ကြိမ် ၂ကြိမ်အထိ ပြုလုပ်ပေးနိုင်ပါတယ်။
၄။ ဒိန်ချဉ်
----------
ဒိန်ချဉ် ( ၂ ) ဇွန်းကို သံပုရာ ( ၁ ) ဇွန်းနဲ့ရောပြီး မိနစ် ( ၂ဝ ) လောက် ဂုတ်မှာ တင်ထားပေးလိုက်ပါ။ ပြီးရင်တော့ ရေအေးလေးနဲ့ ဆေးချလို့ ရပါပြီ။ တစ်နေ့ ( ၁ ) ကြိမ်လောက် ပုံမှန်ပြုလုပ်ပေးဖို့တော့ လိုပါတယ်။
၅။ ရှားစောင်းလက်ပတ်
--------------------------
ရှားစောင်းလက်ပတ်ရွက်ကို ထက်ခြမ်းခွဲပြီးတော့ ဂျယ်လ် ရှိတဲ့ဘက်နဲ့ မည်းနေတဲ့ဂုတ်ကို ( ၁ဝ ) မိနစ်လောက် တိုက်ပေးပြီး ရေဆေးချလိုက်ပါ။ ရလဒ်မြန်မြန် လိုချင်ရင်တော့ နေ့တိုင်း ပြုလုပ်ပေးဖို့ လိုပါတယ်။
#Ref( My Style news - ခန္ဓာကိုယ်ပြုပြင်ခြင်းနဲ့ ကျန်းမာရေးဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)