၂၉ ပတ်သားအရွယ်မှာ သန္ဓေသားလေးဟာ ၃၈.၆ စင်တီမီတာ (၁၅.၂လက်မ) လောက်ရှိပြီ ဖြစ်ပါတယ်။ ကိုယ်အလေးချိန် ၁.၁ ကီလို ဂရမ် (၂.၅ ပေါင် ) ကျော်လောက်ရှိပြီဖြစ်ပါတယ်။ ရင်သွေးလေးရဲ့ ဦးခေါင်းဟာကြီးထွားဖွံ့ဖြိုးနေတဲ့ ဉီးနှောက်နဲ့အညီ ကြီးထွားနေပါတယ်။
ရင်သွေးလေးရဲ့ ဉီးနှောက်မျက်နှာပြင်ဟာ ပြောင်ချောဖြစ်မနေဘဲ အချိုင့်တွေ အတွန့်တွေနဲ့ ပိုမိုရှုပ်ထွေး လာပါပြီ။ နေ့စဉ်ကလေးလေးသုံးနေတဲ့ ကယ်လိုရီ တစ်ဝက်ခန့်ဟာ ဦးနှောက် ဖွံ့ဖြိုး ဖို့ အတွက် သုံးစွဲနေတာ ဖြစ်ပါတယ်။ ကိုယ်ဝန်ရဲ့ တတိယ အပိုင်းအပြီး မှာတော့ ဉီးနှောက်မှာ Neurone လို့ခေါ်တဲ့ အာရုံကြောဆိုင်ရာ ဆဲလ်တွေ ဟာ ကုဋေနဲ့ ချီပြီး ရှိနေပါပြီ။ အရသာခံတဲ့ Taste buds တွေဟာလည်း အရသာရဲ့ သင်္ကေတကို ဉီးနှောက်သို့ ပို့နိုင်ပါ ပြီ။
ရင်သွေးလေးရဲ့ အရိုးတွေဟာလည်း မာကြောလာပါပြီ။ အရိုးလေးတွေမာလာဖို့ နေစဉ် ကယ်လ်စီယမ် ခေါ်တဲ့ အရိုးဓါတ် ၂၀၀ မီလီဂရမ် လိုအပ်ပါတယ်။ လိုတဲ့ ကယ်လ်စီယမ် ၂၀၀ မီလီဂရမ်ကို မေမေတို့ နေ့စဉ် နွားနို့ တစ်ဖန်ခွက်သောက်ရင်ရနိုင်ပါတယ်။ အရိုးတွေ ခိုင်မာဖို့ အခြား ဗီတာမင်များနဲ့ သတ္တုဓါတ်တွေလည်း လိုပါ သေးတယ်။ ဒါကြောင့် မေမေများ စုံလင်မျှတပြီး အဟာရပြည့်တဲ့ အစားအစာတွေ စားဖို့လိုအပ်ပါတယ်။