စျေး မီဒီယာ
အခြား

မနက်စာ သင့်ရဲ့ကျန်းမာရေးအတွက် ကြက်ဥကို ပုံမှန် စားသုံးသင့်တဲ့ အကြောင်းအရင်းများ

Posted by Zaw Lin Aung May 13, 2020
Kkjfr0jmyrktgbioqaek

လူတို်င်း မနက်မိုးလင်ရင် မနက်စာကို စားသုံးကြရပါတယ်။ မနက်စာဟာ လူတေွအတွက်တော့ အရေးကြီးတဲ့ ပထမဆုံး အစားစားချိန်တစ်ခုပဲ ဖြစ်ပါတယ်။ မနက်စာစားပြီး နေ့တစ်နေ့အတွက် ခွန်အားတေွကို ဖြည့်ဆည်းကာ အလုပ်လုပ်ကြရတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် လူတိုင်းအတွက် မနက်စာဟာ အာဟာရပြည့်ဝတဲ့ အစားအစာဖြစ်စေဖို့တော့ လိုအပ်ပါတယ်။ ကြက်ဥဟာ မနက်စာအတွက် အာဟာရပြည့်ဝစေတဲ့ အစားအစာတစ်ခုအဖြစ် ကျန်းမာရေး အကျိုးကျေးဇူးများပုံကို လေ့လာသူတေွက အခုလိုပဲ အပြိုင်အဆိုင် ဖော်ပြထားကြပါတယ်။

Vyirkg7tigbv1bq1wkl0

၁။ ကြက်ဥဟာ ဗိုက်ပြည့်စေပြီးတော့ အဆာခံပါတယ်
-------------------------------------------------------------

ကြက်ဥမှာပါတဲ့ ပရိုတင်းနဲ့ အသားဓာတ်တေွဟာ လူတေွအတွက် စွမ်းအင်တေွကို သိုလေှာင်ထိန်းသိမ်းပေးသလို အဆာခံစေပြီးတော့ ဗိုက်လည်း ပြည့်တင်းစေပါတယ်။ မနက်စာစားတဲ့အခါ ကြက်ဥလေးတစ်လုံးလောက် ပါဝင်ဖြည့်စွက်လိုက်ခြင်းဖြင့် နေ့လည်စာ စားချိန်မတိုင်မှီ စောစီးစွာ ဆာလောင်ခြင်းကို ကင်းဝေးစေပါတယ်။

Zjujeowtidr7ubori30z

၂။ ကိုယ်အလေးချိန်ကိုလည်း ပုံမှန်ဖြစ်စေပါတယ်
-----------------------------------------------------

လေ့လာသူတို့ရဲ့ တေွ့ရိှချက်အရ မနက်စာကို ကြက်ဥလေးနဲ့ ပုံမှန်စားသုံးတဲ့သူတေွဟာ ပေါင်မုန့်တေွ၊ ဂျုံတေွကို စားသုံးသူတေွနဲ့ နိှုင်းယှဉ်ရင် ကိုယ်အလေးချိန်မတက်ဘဲ ဝိတ်ကျစေကြောင်းကို ဖော်ပြထားကြပါတယ်။

Ayyotate8g0ihklbokvs

၃။ ကြက်ဥမှာ ပရိုတင်းဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်
---------------------------------------------------------

ကြက်ဥမှာ အကြွယ်ဝဆုံးအရာက ပရိုတင်းဓာတ်ဖြစ်ပြီးတော့ အသားဓာတ်ဖြစ်စေတဲ့ အမီနိုအက်စစ် ပေါများစွာ ပါဝင်နေခြင်းဘဲ ဖြစ်ပါတယ်။

Dppzyufwrcjq0st1yrce

၄။ လွယ်ကူသက်သာစွာ စားသုံးနိုင်ခြင်း
-------------------------------------------

ကြက်ဥဟာ လူတိုင်းစားနိုင်တဲ့ အစားအစာတစ်မျိုးဖြစ်သလို အနီရောင် အသားတေွလိုမျိုး ပရိုတင်းဓာတ်ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါအပြင် ကြက်ဥဟာ စျေးသက်သက်သာသာနဲ့ အလွယ်တကူ ဝယ်ယူစားသုံးနိုင်တဲ့ အာဟာရဓာတ်ပြည့်ဝတဲ့ အစားအစာဖြစ်တာကြောင့် မနက်စာအတွက် အထူးသင့်တော်ခြင်းဘဲ ဖြစ်ပါတယ်။

Xk6lgxu1bdhx3wq6eij9

၅။ ကြက်ဥက ဦးနေှာက်နဲ့ မှတ်ဉာဏ်စွမ်းအားကိုလည်း ဖွံ့ဖြိုးစေပါတယ်
-----------------------------------------------------------------------------

ကြက်ဥမှာ လူတေွအတွက် မရိှမဖြစ်လိုအပ်တဲ့ အာဟာရတစ်မျိုး ပါဝင်နေတာကို တေွ့ရပြီးတော့ အဲဒီအာဟာရဓာတ် တစ်မျိုးဟာ ဦးနေှာက်ကို များစွာ ဖွံ့ဖြိုးစေကြောင်း လေ့လာတေွ့ရိှသူတေွက ဖော်ပြထားပါတယ်။

Ikl9uyuatnnxfphlifxl

၆။ မျက်စိအမြင်အားကိုလည်း ကောင်းစေပါတယ်
------------------------------------------------------

ကြက်ဥမှာ ပါဝင်တဲ့ အာဟာရဓာတ်နှစ်မျိုးဟာ မျက်လုံးအမြင်အာရုံ ပျက်စီးမှုတို့ကို ကာကွယ်ပေးပြီးတော့ ကြက်ဥကို ပုံမှန် စားပေးခြင်းဖြင့် အသက်အရွယ် ကြီးရင့်လာတဲ့အခါ ကြုံတေွ့ရတဲ့ အမြင်အာရုံ ချို့တဲ့ခြင်းကို သိသိသာသာ လျော့ကျကင်းဝေးစေနိုင်ကြောင်း ဖော်ပြထားကြပါတယ်။
#Ref( My Food news - ကြက်ဥနဲ့ ကျန်းမာရေးဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.