
ရာသီဥတု တဖြည်းဖြည်းနဲ့ ပူပြင်းလာတာနဲ့အမှျ သာမန်လူတန်းစားတေွအဖို့ ပန်ကာတေွဟာ အသုံးတည့်လာပါတယ်။ ညဘက်တေွမှာ အပူဒဏ်သက်သာစွာနဲ့ အိပ်ပျော်အောင်လို့ဆိုပြီး ပန်ကာတေွကို ဖွင့်ကြပါတယ်။ ဒါပေမယ့် ညဘက်မှာ ပန်ကာဖွင့်ပြီး အိပ်တာဟာ လူတစ်ယောက်ရဲ့ကျန်းမာရေးအတွက် ဆိုးကျိုးအများကြီး ဖြစ်စေနိုင်ပါတယ်။ ပန်ကာလေဟာ အခန်းတွင်းမှာပဲ လှည့်ပတ်ပြီး တိုက်နေတာကြောင့် ဖုန့်မှုန့်တေွဟာ နှာခေါင်းထဲကနေတဆင့် ၀င်ရောက်နိုင်ပါတယ်။ ဒါကြောင့် ရင်ကြပ်ပန်းနာသည်တေွနဲ့ အလာဂျစ်ဖြစ်တဲ့သူတေွဟာ ပန်ကာနဲ့ လုံးဝမတည့်ပါဘူး။

တစ်ဖန် ပန်ကာတေွဟာ လေအေးတေွ ပြန်လည်မှုတ်ထုတ်ပေးရတာကြောင့် အချိန်ကြာလာတဲ့အခါ အသားအရည် ခြောက်သေွ့မှုကို ပိုဖြစ်ပွားစေပါတယ်။ တကယ်လို့ မျက်လုံးကို တစ်ဝက်ဖွင့်ပြီးတော့ အိပ်ပျော်သွားရင်တောင် ပန်ကာလေကြောင့် မျက်လုံးဟာ ခြောက်သေွ့ယားယံလာနိုင်ပါတယ်။

နောက်တစ်ချက်ကတော့ နှာခေါင်းပေါက်နဲ့ ဆက်သွယ်ထားတဲ့ ဦးခေါင်းခွံတွင်းမှာရှိတဲ့ လေလမ်းကြောင်းဟာ ကျိန်းစပ်လာနိုင်ပါတယ်။ ဒါကြောင့် ရလဒ်အနေနဲ့ နှာခေါင်းပိတ်တာ၊ ခေါင်းခဲ ခေါင်းကိုက်တာတေွ ဖြစ်လာနိုင်ပါတယ်။

နောက်တစ်ချက်ကတော့ ကြွက်သားတေွ နာကျင်တာပါ။ ပန်ကာရေှ့မှာ အကြာကြီး အိပ်မိတဲ့အခါ နိုးလာရင် ကိုယ်လက်တေွ တောင့်တင်းပြီး ကြွက်သားနာကျင်တာတာကို ခံစားရမှာပဲ ဖြစ်ပါတယ်။ ဥပမာ ပန်ကာကို မျက်နှာနား၊ လည်ပင်းနားမှာ နီးနီးကပ်ကပ်ထားပြီး အိပ်တတ်သူတေွဆိုရင် ဒီပြဿနာမျိုး ဖြစ်ပွားလွယ်ပါတယ်။

အထူးသဖြင့် နှလုံးနဲ့ပတ်သက်နေတဲ့ ဆက်စပ်တဲ့ရောဂါရှိသူတေွဟာလည်း ပန်ကာနဲ့ လုံးဝ မတည့်ပါဘူး။ ပန်ကာလေခံလို့ လေဖြတ်၊ ဦးနေှာက်သေွးကြောပေါက်တဲ့အထိ ဖြစ်ပွားရတဲ့အဖြစ်တေွလည်း ပတ်ဝန်းကျင်မှာ မနည်းနော ရှိခဲ့ဖူးပါတယ်။ ဒါတေွကတော့ ပန်ကာကြိုက်သူတေွ ဆင်ခြင်နိုင်အောင် ကြောက်စရာကောင်းတဲ့ ပန်ကာလေအကြောင်း အခုလိုပဲ သတိပေးလိုက်ရတာပဲ ဖြစ်ပါတယ်။
#Ref( My Asia news - ပန်ကာနဲ့ ကျန်းမာရေးဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)