မိခင်လောင်းတွေအနေနဲ့ ကိုယ်ဝန်ရှိတယ်လို့ သံသယရှိပြီဆိုတာနဲ့ နီးစပ်ရာဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာနတေွကို သွားရောက်ပြသပြီး ကိုယ်ဝန်အပ်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုတွေကို ကျွမ်းကျင်သူကျန်းမာရေးဝန်ထမ်းတွေထံမှာ အနည်းဆုံး (၄) ကြိမ် ခံယူသင့်ပါတယ်။
- ပထမအကြိမ်ကိုတော့ ကိုယ်ဝန် (၄) လအတွင်း စောနိုင်သမျှစောစော ပြသပေးဖို့လိုအပ်ပါတယ်။
- ဒုတိယအကြိမ်ကတော့ ကိုယ်ဝန် (၆) လမှ (၇) လအတွင်း ပြသပေးဖို့လိုပါတယ်။
- တတိယအကြိမ်ကိုတော့ ကိုယ်ဝန် (၈) လအတွင်း ပြသပေးရမှာပါ။
- စတုတ္ထအကြိမ်ကတော့ ကိုယ်ဝန် (၉) လအတွင်း ပြသပေးရမှာဖြစ်ပါတယ်။
နောက်ပြီး ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ အစားရှောင်ဖို့မလိုဘဲ အာဟာရပြည့်ဝအောင်စားသုံးသင့်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အစားပိုစားသင့်ပါတယ်နော်။
ကိုယ်ဝန်ဆောင်မေမေတို့ရေ ကိုယ်ဝန်ဆောင်ချိန်အတွင်း မမေ့လျော့သင့်တာကတော့ မေးခိုင်ကာကွယ်ဆေး နှစ်ကြိမ် ထိုးပေးဖို့ပါပဲ။ ဆေးဝါးတွေကိုတော့ တတ်ကျွမ်းတဲ့ ဆရာဝန်၊ ဆရာမတွေရဲ့ လမ်းညွှန်ချက်နဲ့မဟုတ်ရင် မသောက်သင့်ပါဘူး။ နေ့စဉ်သင့်တော်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကို အမြဲတမ်းပြုလုပ်ပေးသင့်ပါတယ်။ အိပ်ရေးဝအောင်အိပ်ပြီး နေ့လည်ပိုင်းတွေမှာလည်း အနားယူသင့်ပါတယ်။ အလေးအပင်တွေမရတဲ့အလုပ်တွေကိုလည်း ရှောင်သင့်ပါတယ်နော်။ သံဓာတ်ဖောလိတ်အက်ဆစ် ကိုယ်ဝန်ဆောင်အားဆေးကို စောနိုင်သမျှစောစောသောက်ပေးပြီး ကိုယ်ဝန် ၇ လကျော်သွားရင်တော့ မနက်တစ်လုံး ညတစ်လုံးအထိ သောက်ပေးဖို့လိုအပ်ပါတယ်နော်။ သန့်ရှင်းပေါ့ပါးပြီး ချောင်ချိတဲ့ ရာသီဥတုနဲ့ကိုက်ညီတဲ့အဝတ်အစားတွေကို ကိုယ်ဝန်ဆောင်မိခင်တွေ ဝတ်ဆင်ပေးသင့်ပါတယ်။
ဆေးလိပ်၊ အရက်၊ ကွမ်းတွေရှောင်ရှားသင့်ပြီး ဆေးလိပ်မီးခိုးငွေ့၊ ညစ်ညမ်းတဲ့ လေထုရှိတဲ့နေရာတွေကိုလည်း ရှောင်ရှားဖို့လိုအပ်ပါတယ်။ ငှက်ဖျားနဲ့ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နိုင်ဖို့အတွက် အိပ်စက်ချိန်တွေတိုင်းမှာ ဆေးစိမ်ခြင်ထောင်နဲ့ အိပ်စက်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်တွေနေထိုင်မကောင်းဖြစ်တဲ့အခါ နီးစပ်ရာဆေးရုံ၊ ကျန်းမာရေးဌာနတွေကို အမြန်ဆုံးသွားရောက်ပြသပြီး ဆေးကုသမှုခံယူသင့်ပါတယ်။ နောက်ပြီး မွေးဖွားဖို့ကိုလည်း ကြိုတင်ပြီးအစီအစဉ်ရေးဆွဲထားသင့်သလို တစ်ခါသုံးမွေးဖွားအိပ်ငယ်တွေကို အသုံးပြုသင့်ပါတယ်နော်။
** မိခင်လောင်းတွေအတွက် လိုအပ်တဲ့ဆောင်ရန်၊ ရှောင်ရန်အချက်လေးတွေကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ထုတ်ပြန်ချက်အရ ကျားလေးက မျှဝေပေးလိုက်တာပါနော် **
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး
>>>> Unicode Version <<<<
ကိုယ်ဝန်ဆောင်မိခင်များ လိုက်နာရန်လိုအပ်သည့်အချက်များ
မိခင်လောင်းတွေအနေနဲ့ ကိုယ်ဝန်ရှိတယ်လို့ သံသယရှိပြီဆိုတာနဲ့ နီးစပ်ရာဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာနတွေကို သွားရောက်ပြသပြီး ကိုယ်ဝန်အပ်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုတွေကို ကျွမ်းကျင်သူကျန်းမာရေးဝန်ထမ်းတွေထံမှာ အနည်းဆုံး (၄) ကြိမ် ခံယူသင့်ပါတယ်။