စျေး မီဒီယာ
အခြား

လူတစ်ယောက်အတွက် ကန်စွန်းဥဟာ ဘယ်လောက်တောင် ကောင်ကျိုးတေွ ပေးနေသလဲ

Posted by Zaw Lin Aung May 19, 2020
Bgjqgxrzvdo9zjo2ei0u

ကန်စွန်းဥပြုတ် ပူပူလေးကို နှမ်းဆီလေးနဲ့ တို့စားရတဲ့ အရသာ ၊ကန်စန်းဥပြုတ်ကို ပဲဆီလေးနဲ့ တို့စားရတဲ့ အရသာကို လူတော်တော်များများ သဘောတေွ့ကြမှာပါ။ တကယ်တော့ ကန်စွန်းဥဟာ သဘာဝအလျောက် ချိုမြိန်တဲ့ သစ်ဥသစ်ဖုတစ်မျိုးဖြစ်ပြီးတော့ ပြုတ်စား၊ ဖုတ်စားလို့ရသလို ဟင်းချက်စားလို့လည်း ရပါတယ်။ အောက်ဖော်ပြပါ ကျန်းမာရေးအကျိုးကျေးဇူးတေွကို ရရှိစေဖို့အတွက် ကန်စွန်းဥတေွကို များများစားပေးသင့်ပါတယ်။

Uuvcgdnfgs5kxpposv6y

၁။ အစာကြေစေတယ်
-------------------------

ကန်စွန်းဥမှာပါဝင်တဲ့ အမှျင်ဓာတ်ဟာ အာလူးထက် ပိုမိုမြင့်မားပြီးတော့ အရသာလည်း ပိုကောင်းပါတယ်။ အဲဒီအမှှျင်ဓာတ်ကို မဂ္ဂနီစီယမ်လို သတ္ထုဓာတ်တစ်မျိုးနဲ့ ပေါင်းစပ်လိုက်တဲ့အချိန်မှာတော့ သဘာဝ အစာကြေဆေးတစ်မျိုး ဖြစ်သွားပါတော့တယ်။ ကစီဓာတ်ပါဝင်မှုကြောင့် ကန်စွန်းဥတေွကိုစားရင် လွယ်ကူစွာ အစာကြေစေနိုင်ပါတယ်။ ဒါအပြင် ကန်စွန်းဥစားခြင်းဖြင့် အစာအိမ်နဲ့ အူလမ်းကြောင်းကိုလည်း ကောင်းကောင်း သက်သာစေနိုင်ပါတယ်။

Uev934x19pa5u6zingts

၂။ ဝိတ်တက်စေတယ်
----------------------

ကန်စွန်းဥထဲမှာ ကစီဓာတ်၊ ကျန်းမာစေတဲ့ ဗိုက်တာမင်၊ သတ္ထုဓာတ်နဲ့ ပရိုတိန်းတို့ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါကြောင့် ဝိတ်တက်နေတဲ့သူတေွအတွက် ခန္ဓာကိုယ်စွမ်းအင်နဲ့ အလေးချိန်တိုးစေနိုင်တဲ့ အာဟာရဓာတ်တေွကိုလည်း ရရှိစေနိုင်ပါတယ်။ ပိန်လွန်းလို့ အရိုးလို့ အခေါ်ခံနေရသူတေွနဲ့ LCD ဘဝရောက်နေလို့ ရွယ်တူမိန်းကလေးတေွှကားမှာ အားငယ်နေရတဲ့သူတေွ အနေနဲ့ ကန်စွန်းဥကို စားပေးမယ်ဆိုရင် အာဟာရ ပြည့်ဝစေရုံသာမက ဝိတ်လည်းတက်စေနိုင်လို့ ကန်စွန်းဥကို ပုံမှန်စားပေးသင့်ပါတယ်။

Jametwn3dr2ldondjkpx

၃။ ကိုယ်ခံအားလည်း ကောင်းစေတယ်
----------------------------------------------

ကန်စွန်းဥထဲမှာပါဝင်တဲ့ အဓိက antioxidant တစ်မျိုးဖြစ်တဲ့ beta-carotene ဟာ ခန္ဓာကိုယ် ကိုယ်ခံအားစနစ်ကို အားကောင်းစေတဲ့ အာဟာရဓာတ်တစ်မျိုးပါ။ ဒါအပြင် ဗိုက်တာမင်၊ သံဓာတ်၊ ဖော့စ်ဖရတ်စ် စတာတေွလည်း ကြွယ်ဝတဲ့အတွက် ကန်စွန်းဥစားခြင်းဟာ ခန္ဓာကိုယ်ထဲကို တော်ရုံ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုး ဝင်မတိုးနိုင်လောက်အောင်လည်း အားကောင်းစေနိုင်ပါလိမ့်မယ်။

Oqnekp1rb0lli5yurr39

၄။ ပန်းနာရင်ကြပ်ကို သက်သာစေတယ်
------------------------------------------

ဆောင်းတွင်းမှာ ကန်စွန်းဥပြုတ်ပူပူလေးကို နှမ်းဆီလေးနဲ့ တို့စားခြင်းက ရင်ကို နေွးစေသလို ပန်းနာရင်ကြပ်သမားတေွအတွက်လည်း ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကန်စွန်းဥဟာ နှာခေါင်း၊ အသက်ရှူလမ်းကြောင်းနဲ့ အဆုတ်ဝန်းကျင်မှာ ဖြစ်တတ်တဲ့ ပိတ်ဆို့ခြင်းကို သေချာ ရှင်းလင်းပေးနိုင်လို့ပါပဲ။ တစ်နည်းအားဖြင့် ဒါဟာ ပန်းနာရင်ကြပ်သမားတေွအတွက် သတင်းကောင်းပါပဲ။

Hcw5i7lurevj2pldznqq

၅။ အဆစ်အမြစ်ရောင်ရောဂါကိုလည်း သက်သာစေတယ်
-------------------------------------------------------------

Beta-carotene (ဘီတာကာရိုတင်းန်)၊ မဂ္ဂနီစီယမ်၊ ဇင့်နဲ့ ဗိုက်တာမင်ဘီတို့ဟာ ကန်စွန်းဥကို အဆစ်အမြစ်ရောင်ရောဂါ ဝေဒနာရှင်တို့အတွက် အားကိုးရာဖြစ်စေတဲ့ အဓိက အကြောင်းအရင်းတစ်ခုပါပဲ။ တကယ်လို့ ဆောင်းတွင်းဘက်မှာ ခြေဆစ်၊ လက်ဆစ်တေွကိုက်ခဲနေရင် ကန်စွန်းဥပြုတ် ပူပူလေးစားပေးခြင်းဖြင့် ဝေဒနာတေွကို သိသိသာသာ လျော့ပါးသက်သာစေနိုင်ပါတယ်။ ဒါမှမဟုတ် ကန်စွန်းဥပြုတ်ရည်ကို အရိုးအဆစ်အမြစ်တေွနားမှာ လိမ်းပေးခြင်းကလည်း ဝေဒနာကို လျော့ပါး သက်သာစေမယ့် နည်းလမ်းပါပဲ။

Mhfzp1lsz8uqw6ljlve3

၆။ ဆီးချိုကိုလည်း ထိန်းချုပ်ပေးတယ်
----------------------------------------------

တစ်ချို့တေွက ကန်စွန်းဥရဲ့အချိုဓာတ်ကြောင့် ဆီးချိုတက်စေမယ်လို့ ထင်ကြပါတယ်။ တကယ်တမ်းကျတော့ ဒါဟာ ပြောင်းပြန်ပါပဲ။ ကန်စွန်းဥဟာ သေွးတွင်းရှိအချိုဓာတ်တေွကို ထိန်းညှိပေးရာမှာလည်း အသုံးဝင်ပြီးတော့ အင်ဆူလင် လုပ်ဆောင်မှုတေွကိုလည်း ထောက်ပံ့ပေးနိုင်ပါတယ်။ ထမင်းအစား ကန်စွန်းဥစားပေးရင်တောင် ဆီးချိုသမားတေွအတွက် ဆီးချိုကျစေနိုင်ပြီးတော့ ကျန်းမာရေးလည်း ကောင်းစေနိုင်မှာပါ။

Hyihsvk3bk0k6uate4n4

၇။ ရေဓာတ်ခမ်းခြောက်မှုကိုလည်း ကာကွယ်ပေးတယ်
----------------------------------------------------------------

ကန်စွန်းဥထဲက အမှျင်ဓာတ်ဟာ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ခမ်းခြောက်ခြင်း မဖြစ်ရလေအောင် ကာကွယ်ပေးနိုင်ပါတယ်။ နောက်ပြီးတော့ ကန်စွန်းဥဟာ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်မှျတနေအောင်၊ ရေဓာတ်ပြည့်ဝနေအောင်၊ ဆဲလ်တေွ အကျိုးရှိရှိ အလုပ်လုပ်နိုင်အောင်လည်း ကူညီပေးနိုင်ပါတယ်။
#Ref( Good Health news - ကန်စွန်းဥနဲ့ ကျန်းမာရေးဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.