ကျားလေးကို အမြဲတမ်းဖတ်ရှုအားပေးနေကြတဲ့ ကိုယ်ဝန်ဆောင်မေမေတို့ရေ မေမေတို့ရဲ့ ရင်သွေးငယ်လေးတွေကို မွေးဖွားချိန်မှာ လိုအပ်မယ့် သန့်စင်ခြင်း (၆) မျိုးကို ဖော်ပြပေးချင်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက လမ်းညွှန်ထုတ်ပြန်ထားတဲ့ ဒီအချက်လေးတွေကို ကိုယ်ဝန်ဆောင်မေမေတွေအားလုံးအတွက် ကျားလေးက မျှဝေပေးချင်ပါတယ်နော်။
မေမေတို့ရေ သန့်ခြင်း (၆) မျိုးကတော့ ...
(၁) သန့်စင်သောမျက်နှာပြင် (ကိုယ်ဝန်ဆောင်အမျိုးသမီး မွေးဖွားမယ့်နေရာ ဥပမာ-ကုတင်၊ ကြမ်းပြင်စသည်များ)
(၂) မွေးဖွားပေးမည့်သူ၏ သန့်စင်သောလက်များနှင့် ပိုးသတ်ပြီး လက်အိတ်များ
(၃) ချက်ကြိုးဖြတ်ရန်အတွက် သန့်စင်သော ဘလိတ်ဓား / ကတ်ကြေး (Sterillize ပြုတ်ပြီး)
(၄) သန့်စင်သော ပိုးမွှားကင်းစင်ပြီး ချက်ကြိုးချည်ထားသည့်ကြိုး (Sterillize ပြုတ်ပြီး) သို့မဟုတ် (ပိုးသတ်ပြီး ချက်ညှပ်ကလစ်)
(၅) ကလေးငယ်အားထုပ်ပိုးရန် သန့်စင်သောအနှီးပိတ်နှင့် ဝတ်ရန်အဝတ်များ၊ ဦးထုပ်၊ ခြေအိတ်
(၆) မိခင်အတွက် သန့်စင်သော အဝတ်အစားများ
မေမေတို့ရေ ဒီပစ္စည်းလေးတွေကတော့ ဆေးရုံတွေမှာမွေးဖွားရင်တော့ ဆရာဝန်တွေက လမ်းညွှန်ပေးသွားမှာပါ။ ဒါပေမယ့်လည်း ဗဟုသုတအနေနဲ့ ဖေဖေ၊ မေမေတွေအားလုံးသိရှိနိုင်စေဖို့အတွက် မျှဝေပေးလိုက်တာပါနော် ..
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး