ရင်သွေးငယ်လေးများရဲ့ အလေးချိန်နဲ့ အရပ်အပေါ်ကို သက်ရောက်မှုရှိနေတဲ့ အရာလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်နော်။ ပထမဦးဆုံးဖော်ပြခင်တဲ့အချက်ကလေးကတော့ လစေ့မစေ့ပါပဲ။ ရက်စေ့လစေ့သော ကလေးငယ်လေးများဟာ ပိုမိုကြီးထွား ဖွံ့ဖြိုးမှုရှိတာကို တွေ့နိုင်ပါတယ်။ ရက်မစေ့ဘဲ မွေးဖွားလာတဲ့ ကလေးငယ်လေးတွေမှာ အလေးချိန်လျော့ကျခြင်းများရှိတတ်ပါတယ်။
ကိုယ်ဝန်ဆောင်စဉ်မှာ အစားကောင်းမွန်စွာ မစားခြင်း ဆေးလိပ်သောက်ခြင်းတို့ကလည်း ကလေးငယ်လေးကို ပေါင်ပြည့်ဘဲမွေးဖွားလာစေနိုင်သလို ကိုယ်ဝန်ဆောင်စဉ်အတွင်း ကိုယ်အလေးချိန်တက်ခြင်း ကိုယ်ဝန် ဆီးချိုတို့ကြောင့်လည်း ထွားကျိုင်းသော ရင်သွေးလေးကို မွေးမြူခြင်းဖြစ်တတ်ပါတယ်။
နောက်သမီးလေးတွေဟာ မွေးခါစမှာ သားလေးတွေထက် ကိုယ်အလေးချိန် အရပ် အနည်းငယ်လျော့နည်းတာကို လည်းတွေ့နိုင်ပါသေးတယ်။
နို့မှုန့်တိုက်ခြင်းနဲ့ မိခင် နို့ရည်တိုက်ခြင်းကလည်း အကြောင်းအရာ တစ်ခုဖြစ်ပါတယ်။ နို့မှုန့်သောက်သုံးတဲ့ကလေးငယ်လေးများဟာ မိခင်နို့ချိုသောက်သုံးသော ကလေးငယ်များထက် သုံးလသားလောက်မှာ ပိုမိုဖွံ့ထွားတာကို တွေ့နိုင်ပါတယ်။
ကလေးငယ်လေးမှာ ကြီးထွားမှုဟော်မုန်းချို့တဲ့နေမယ်ဆိုရင်လည်း အကောင်ညှပ်နေနိုင်ပါတယ်။ရင်သွေးလေးမှာ ကင်ဆာ၊ ကျောက်ကပ်ရောဂါပါလာခဲ့ရင်လည်း ကြီးထွားမှုနှေးနေတတ်ပါတယ်။ ကလေးငယ်လေးဟာ အိပ်ချိန်လုံလောက်စွာရရှိရန်လည်း လိုအပ်ပါသေးတယ်။ အိပ်ချိန်ကောင်းမွန်စွာရရင်တော့ ကလေးငယ်လေးဟာ ကိုယ်အလေးချိန် တိုးလာမှာ အသေအချာပါပဲ။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး