စျေး မီဒီယာ
မမွေးဖွားမှီ

ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးဌာနသို့ပြသည့်အခါ ဆောင်ရွက်ပေးနိုင်မည့်အချက်များ

Posted by May Thaw Htoo August 22, 2022
Rxutn8jirf4mt7m7c2q0

ကိုယ်ဝန်ဆောင်မေမေတို့ရေ ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း လေးကြိမ်လောက်တော့ ဆရာဝန်နဲ့ပြသသင့်ပါတယ်နော်။ အဲ့ဒီလိုပြသမှုအတွက် ပထမဆုံးအကြိမ် ကိုယ်ဝန် (၄) လမတိုင်မီ စောနိုင်သမှျစောစောပြသချိန်မှာတော့ ဆရာဝန်တေွက ကိုယ်ဝန်ရဲ့ ရာဇဝင်ကို မေးမြန်းတာ၊ အထေွထေွကျန်းမာရေးဆိုင်ရာစစ်ဆေးတာ၊ သေွးပေါင်၊ ကိုယ်အလေးချိန် ချိန်ပေးတာ၊ သေွးအားနည်းရောဂါရှိမရှိစစ်ဆေးတာ၊ ဆီးစစ်တာ၊ ဆစ်ဖလစ်ရောဂါပိုးအတွက် သေွးစစ်တာ၊ တီဘီရောဂါလက္ခဏာနဲ့ပတ်သက်ပြီး စစ်ဆေးမေးမြန်းတာ၊ ကိုယ်ဝန်ဆောင်မိခင်သာမက ခင်ပွန်းသည်ကိုပါ ကျန်းမာရေးဆေွးနေွးတာ၊ နှစ်ဦးစလုံးကို HIV ပိုးရှိ၊ မရှိစစ်ဆေးတာ၊ မေးခိုင်ကာကွယ်ဆေးပထမအကြိမ် ထိုးပေးတာ၊ သံဓာတ်ဖောလိတ်အက်ဆစ်ကိုယ်ဝန်ဆောင်အားဆေးကို နေ့စဉ်သောက်ဖို့ ညွှန်ကြားပေးတာ၊ ကိုယ်ဝန်ဆောင်စဉ်၊ မေွးဖွားစဉ်၊ မေွးဖွားပြီး ဖြစ်ပေါ်နိုင်တဲ့ အန္တရာယ်လက္ခဏာတေွနဲ့ပတ်သက်လို့ အသိပေးတာတေွကို ပြုလုပ်ပေးမှာဖြစ်ပါတယ်။

Edlxfz1ke3wkueboukml

ကိုယ်ဝန် ၆ လမှ ရ လအတွင်း ဒုတိယအကြိမ် ဆရာဝန်နဲ့ပြသစဉ်မှာတော့ သေွးပေါင်ချိန်ပေးတာ၊ ကိုယ်အလေးချိန် ချိန်ပေးတာ၊ ဆီးစစ်ပေးတာ၊ သံချဆေးပြား တစ်ကြိမ်သောက်ဖို့အတွက် ညွှန်ကြားပေးတာ၊ သံဓာတ်ဖောလိတ်အက်ဆစ် ကိုယ်ဝန်ဆောင်အားဆေး နေ့စဉ်သောက်ဖို့ပေးတာ၊ မေးခိုင်ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးပေးတာတေွကို ပြုလုပ်ပေးမှာဖြစ်ပါတယ်။

Bgr7edcwn2w4agbszhsv

တတိယအကြိမ်ပြသတဲ့ ကိုယ်ဝန် ၈ လအတွင်း ပြသချိန်မှာတော့ သေွးပေါင်၊ ကိုယ်အလေးချိန် ချိန်ပေးတာ၊ ကိုယ်ဝန်စမ်းသပ်ပေးတာ၊ ဆီးစစ်ပေးတာ၊ သေွးအားနည်းခြင်းရှိ၊ မရှိစစ်ဆေးပေးတာ၊ သံဓာတ် ဖောလိတ်အက်ဆစ်ကိုယ်ဝန်ဆောင်ဆေးကို နေ့စဉ်သောက်ဖို့ပေးတာ၊ ဆစ်ဖလစ်ရောဂါပိုးအတွက် သေွးစစ်ပေးတာ၊ တီဘီရောဂါ လက္ခဏာရှိ၊ မရှိ မေးမြန်းစစ်ဆေးပေးတာတေွကို ပြုလုပ်ပေးမှာပဲဖြစ်ပါတယ်။

Sajimsk3opykroffk99w

စတုတ္ထအကြိမ် ကိုယ်ဝန် ၉ လအတွင်း ပြသချိန်မှာတော့ သေွးပေါင်၊ ကိုယ်အလေးချိန် ချိန်ပေးတာ၊ ကိုယ်ဝန်စမ်းသပ်ပေးတာ၊ ဆီးစစ်ပေးတာ၊ သံဓာတ်ဖောလိတ်အက်ဆစ်နေ့စဉ်သောက်ဖို့ပေးတာ၊ ဗီတာမင် ဘီဝမ်းဆေးပြား သောက်ဖို့ပေးတာ၊ မေွးဖွားခါနီးလက္ခဏာတေွကို အသိပေးတာ၊ မေွးဖွားမယ့်ခန့်မှန်းရက်ထက် တစ်ပတ်ကျော်ပါက ကျန်းမာရေးဌာနသို့သွားရောက်ပြသဖို့ အကြံပေးတာတေွကို ပြုလုပ်ပေးမှာပါ။
မေမေတို့ရေ ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်းမှာတော့ ..
- မေးခိုင်ကာကွယ်ဆေး အနည်းဆုံး ၂ ကြိမ်ထိုးဖို့
- သံဓာတ် ဖောလိတ်အက်ဆစ် ကိုယ်ဝန်ဆောင်အားဆေးကို နေ့စဉ်မှန်မှန်သောက်ဖို့
- ကိုယ်ဝန် (၄) လကျော်ရင် သံချဆေးတစ်ကြိမ်သောက်ဖို့
- ကလေးမမေွးခင် ၁ လကနေ မေွးဖွားပြီး ၃ လအထိ ဗီတာမင်ဘီဝမ်းကို ညွှန်ကြားချက်အတိုင်း သောက်ဖို့တေွ လိုအပ်ပါတယ်နော်။ မေမေတေွအားလုံးက ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်လေးတေွကို မှတ်သားမိစေနိုင်ဖို့အတွက် ကျားလေးက မှျဝေပေးလိုက်တာပါ။

မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး

>>>> Unicode Version <<<<

Hwfjmshazaxta0jxyiye

ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးဌာနသို့ပြသည့်အခါ ဆောင်ရွက်ပေးနိုင်မည့်အချက်များ

ကိုယ်ဝန်ဆောင်မေမေတို့ရေ ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း လေးကြိမ်လောက်တော့ ဆရာဝန်နဲ့ပြသသင့်ပါတယ်နော်။ အဲ့ဒီလိုပြသမှုအတွက် ပထမဆုံးအကြိမ် ကိုယ်ဝန် (၄) လမတိုင်မီ စောနိုင်သမျှစောစောပြသချိန်မှာတော့ ဆရာဝန်တွေက ကိုယ်ဝန်ရဲ့ ရာဇဝင်ကို မေးမြန်းတာ၊ အထွေထွေကျန်းမာရေးဆိုင်ရာစစ်ဆေးတာ၊ သွေးပေါင်၊ ကိုယ်အလေးချိန် ချိန်ပေးတာ၊ သွေးအားနည်းရောဂါရှိမရှိစစ်ဆေးတာ၊ ဆီးစစ်တာ၊ ဆစ်ဖလစ်ရောဂါပိုးအတွက် သွေးစစ်တာ၊ တီဘီရောဂါလက္ခဏာနဲ့ပတ်သက်ပြီး စစ်ဆေးမေးမြန်းတာ၊ ကိုယ်ဝန်ဆောင်မိခင်သာမက ခင်ပွန်းသည်ကိုပါ ကျန်းမာရေးဆွေးနွေးတာ၊ နှစ်ဦးစလုံးကို HIV ပိုးရှိ၊ မရှိစစ်ဆေးတာ၊ မေးခိုင်ကာကွယ်ဆေးပထမအကြိမ် ထိုးပေးတာ၊ သံဓာတ်ဖောလိတ်အက်ဆစ်ကိုယ်ဝန်ဆောင်အားဆေးကို နေ့စဉ်သောက်ဖို့ ညွှန်ကြားပေးတာ၊ ကိုယ်ဝန်ဆောင်စဉ်၊ မွေးဖွားစဉ်၊ မွေးဖွားပြီး ဖြစ်ပေါ်နိုင်တဲ့ အန္တရာယ်လက္ခဏာတွေနဲ့ပတ်သက်လို့ အသိပေးတာတွေကို ပြုလုပ်ပေးမှာဖြစ်ပါတယ်

ကိုယ်ဝန် ၆ လမှ ၇ လအတွင်း ဒုတိယအကြိမ် ဆရာဝန်နဲ့ပြသစဉ်မှာတော့ သွေးပေါင်ချိန်ပေးတာ၊ ကိုယ်အလေးချိန် ချိန်ပေးတာ၊ ဆီးစစ်ပေးတာ၊ သံချဆေးပြား တစ်ကြိမ်သောက်ဖို့အတွက် ညွှန်ကြားပေးတာ၊ သံဓာတ်ဖောလိတ်အက်ဆစ် ကိုယ်ဝန်ဆောင်အားဆေး နေ့စဉ်သောက်ဖို့ပေးတာ၊ မေးခိုင်ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးပေးတာတွေကို ပြုလုပ်ပေးမှာဖြစ်ပါတယ်။

တတိယအကြိမ်ပြသတဲ့ ကိုယ်ဝန် ၈ လအတွင်း ပြသချိန်မှာတော့ သွေးပေါင်၊ ကိုယ်အလေးချိန် ချိန်ပေးတာ၊ ကိုယ်ဝန်စမ်းသပ်ပေးတာ၊ ဆီးစစ်ပေးတာ၊ သွေးအားနည်းခြင်းရှိ၊ မရှိစစ်ဆေးပေးတာ၊ သံဓာတ် ဖောလိတ်အက်ဆစ်ကိုယ်ဝန်ဆောင်ဆေးကို နေ့စဉ်သောက်ဖို့ပေးတာ၊ ဆစ်ဖလစ်ရောဂါပိုးအတွက် သွေးစစ်ပေးတာ၊ တီဘီရောဂါ လက္ခဏာရှိ၊ မရှိ မေးမြန်းစစ်ဆေးပေးတာတွေကို ပြုလုပ်ပေးမှာပဲဖြစ်ပါတယ်။

စတုတ္ထအကြိမ် ကိုယ်ဝန် ၉ လအတွင်း ပြသချိန်မှာတော့ သွေးပေါင်၊ ကိုယ်အလေးချိန် ချိန်ပေးတာ၊ ကိုယ်ဝန်စမ်းသပ်ပေးတာ၊ ဆီးစစ်ပေးတာ၊ သံဓာတ်ဖောလိတ်အက်ဆစ်နေ့စဉ်သောက်ဖို့ပေးတာ၊ ဗီတာမင် ဘီဝမ်းဆေးပြား သောက်ဖို့ပေးတာ၊ မွေးဖွားခါနီးလက္ခဏာတွေကို အသိပေးတာ၊ မွေးဖွားမယ့်ခန့်မှန်းရက်ထက် တစ်ပတ်ကျော်ပါက ကျန်းမာရေးဌာနသို့သွားရောက်ပြသဖို့ အကြံပေးတာတွေကို ပြုလုပ်ပေးမှာပါ။
မေမေတို့ရေ ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်းမှာတော့ ..
- မေးခိုင်ကာကွယ်ဆေး အနည်းဆုံး ၂ ကြိမ်ထိုးဖို့
- သံဓာတ် ဖောလိတ်အက်ဆစ် ကိုယ်ဝန်ဆောင်အားဆေးကို နေ့စဉ်မှန်မှန်သောက်ဖို့
- ကိုယ်ဝန် (၄) လကျော်ရင် သံချဆေးတစ်ကြိမ်သောက်ဖို့
- ကလေးမမွေးခင် ၁ လကနေ မွေးဖွားပြီး ၃ လအထိ ဗီတာမင်ဘီဝမ်းကို ညွှန်ကြားချက်အတိုင်း သောက်ဖို့တွေ လိုအပ်ပါတယ်နော်။ မေမေတွေအားလုံးက ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်လေးတွေကို မှတ်သားမိစေနိုင်ဖို့အတွက် ကျားလေးက မျှဝေပေးလိုက်တာပါ။

မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.