ကုသမှုနည်းလမ်းအများအပြား ရှိပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ တင်ပါးဆုံတွင်းနာကျင်မှုဟာ အလုံးစုံပျောက်ကင်း မသွားနိုင်ပေမယ့် ဆိုးဆိုးရွားရွား နာကျင်မှုကို ကာကွယ်နိုင်ပါတယ်။ အမျိုးသမီးအများစုဟာ အောက်ပါနည်းလမ်းများကို အသုံးပြုကြပါတယ်။
ကိုယ်ဝန်ခါးပတ် ဝတ်ဆင်ခြင်းဟာ တင်ပါးဆုံတွင်း သိမ်မွေ့သောဖိအားကို ပေးပါတယ်။ ညင်သာတဲ့ လေ့ကျင့်ခန်းများ ပြုလုပ်ရာမှာလည်း အထောက်အပံ့ပေးနိုင်ပါတယ်။ အိပ်စက်ခြင်းပုံစံကလည်း အရေးကြီးပါတယ်။ ဝမ်းနှင့်တင်ပါးကို ထောက်ကူပေးတဲ့ ကိုယ်ဝန်ခေါင်းအုံးမျိုး အသုံးပြုခြင်းဟာ တင်ပါးဆုံတွင်းအရွတ်များ နာကျင်မှုကို သက်သာစေနိုင်ပြီး သင့်ကို ကောင်းမွန်စွာ အိပ်ပျော်စေနိုင်ပါလိမ့်မယ်။
ကိုယ်ဝန်ဆောင်မိခင်ရဲ့ တင်ပါးခွင်ဟာ ဒူးခေါင်းတွေထက် ပိုကျယ်နေတတ်ပါတယ်။ အိပ်စက်ရာတွင် တင်ပါးနှင့်ခါးတို့ကို အပိုဖိအားများ မသက်ရောက်စေရန် မှန်ကန်တဲ့ ခေါင်းအုံးအမျိုးအစား ရွေးချယ်ရပါမယ်။ အချို့သော လေ့လာတွေ့ရှိချက်တွေအရ မှန်ကန်တိကျသော လေ့ကျင့်ခန်းများကလည်း တင်ပါးဆုံနာကျင်မှု လျော့ကျရာမှာ အထောက်အပံ့ဖြစ်စေပါတယ်။
အပ်စိုက်ကုထုံးများကလည်း သက်သာစေနိုင်ပါတယ်။ ဒါပေမယ့် ကျွမ်းကျင်ပိုင်နိုင်တဲ့ အပ်စိုက်ကုထုံးပညာရှင်နှင့် သေချာတိုင်ပင်ဖို့လိုပါတယ်။ နောက်ဆုံး နာကျင်မှုလျော့ပါးစေဖို့ ကိုယ်ဝန်ဆောင်များ သောက်လို့ရတဲ့ အကိုက်အခဲပျောက်ဆေးများကို ဆရာဝန်ခွင့်ပြုချက်ဖြင့် သောက်သုံးနိုင်ပါတယ်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး