မေမေတို့ဟာ ကိုယ့်ရဲ့ရင်သွေးငယ်လေးနဲ့ ပတ်သက်ပြီး မမွေးဖွားခင်ကတည်းက အစစ၊ အရာရာ ဂရုစိုက်ရပါတယ်။ ဒါပေမဲ့ တချို့အခြေအနေတွေက မေမေတို့ ဘယ်လိုမှ ရှောင်လွှဲလို့ မရတာတွေလည်း ရှိနေပါတယ်။
နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲတဲ့ ပြဿနာကလည်း ကလေးငယ်လေးမှာ ဖြစ်လေ့ရှိပြီး ဒီလိုမျိုးဆိုရင်တော့ မေမေတို့ဟာ နို့တိုက်ကျွေးဖို့ အနည်းနဲ့အများ အခက်အခဲကို ရင်ဆိုင်ရမှာပါ။
ဒါပေမဲ့ သူ့ဘာသာသူ နည်းလမ်းကျကျနဲ့ တိုက်ကျွေးလို့ရပါတယ်။ ကလေးငယ်လေး နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲတာက သူတို့ကို ပြဿနာများစွာ ဖြစ်ပေါ်စေပါတယ်။ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲနေတာကြောင့် နို့စိုရင်း နှာခေါင်းထဲကနေ နို့ပြန်ထွက်လာတာမျိုး၊ အာဟာရ လုံလုံလောက်လောက် မရတာမျိုုး၊ စကားပြောရခက်ခဲတာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။
ဒီနေရာမှာ မေမေတို့ရဲ့ နို့ချျိတိုက်ကျွေးပုံက အလွန်အရေးကြီးပါတယ်။ အဓိက နို့တိုက်တဲ့အခါ ကလေးငယ်ကို မတ်မတ်အနေအထားအနေနဲ့ တိုက်ကျွေးဖို့ လိုအပ်ပါတယ်။ ဒါက နှာခေါင်းထဲက နို့ပြန်ထွက်လာတဲ့ ပြဿာနာကို လျော့ပါးစေပါတယ်။ မိခင်နို့ကို အချိန်အကြာကြီး မတိုက်သင့်ဘဲ (၁၀) မိနစ်လောက်သာ တိုက်သင့်ပါတယ်။
နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲနေတဲ့ ကလေးငယ်လေးတွေကို နို့တိုက်ကျွေးတာမျိုး၊ ဖြည့်စွက်စာ ကျွေးတာမျိုးလုပ်တဲ့အခါ မေမေတို့အနေနဲ့ အရေးကြီးဆုံးက စိတ်ရှည်ရှည်ထားဖို့ပါ။ သူတို့ကို ဂရုတစိုက်နဲ့ အာဟာရ လုံလောက်အောင် ကျွေးဖို့လိုပါတယ်။