ကိုယ်ဝန်ဆောင်အမျိုးသမီး တော်တော်များများဟာ ကိုယ်ဝန်သက်တမ်းအလယ်ဖြစ်တဲ့ ၁၈ပတ်နဲ့ ၂၂ပတ်အကြားမှာ သားသားလေးလား မီးမီးလေးလားဆိုတာ စမ်းသပ်လေ့လာ သိနိုင်ပါတယ်။ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် စမ်းသပ်ပေးသူဟာ လိင်အင်္ဂါကို ရှင်းရှင်းလင်းလင်း မမြင်ရပါက တိကျစွာ ပြောနိုင်မှာမဟုတ်ပါဘူး။
ရင်သွေးငယ်လေးတွေရဲ့ လိင်အင်္ဂါဟာ ကိုယ်ဝန်သက်တမ်း၆ပတ်အစောပိုင်းမှာ စတင်ဖြစ်ပေါ်ပေမယ့် ၁၄ပတ်လောက်အထိ ခွဲခြားရ ခက်ခဲပါတယ်။ ကိုယ်ဝန်သက်တမ်း ၁၈ပတ်မှာ ဓာတ်မှန်ရိုက်ပါက ခွဲခြားသိနိုင်ပါတယ်။
သွေးစစ်ဆေးခြင်းဖြင့်လည်း သန္ဓေသားရဲ့လိင်ကို သိနိုင်ပြီး ကိုယ်ဝန်၁၀ပတ်မှာ စတင်စစ်ဆေးနိုင်ပါတယ်။ ဒီစစ်ဆေးမှုဟာ ခရိုမိုဇုန်းရောဂါရှိတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက်သာ ရည်ရွယ်ထားတာကြောင့် ဒီနည်းကိုသုံးတော့မယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေသေချာချာ တိုင်ပင်ဖို့လိုပါတယ်။
အခြားသော သိပ္ပံနည်းကျမဟုတ်တဲ့ နည်းလမ်းများစွာလည်း ရှိနေပါသေးတယ်။ မိမိတို့ရဲ့ ယဉ်ကျေးမှုဓလေ့များအရလည်း သားသားလေးလား ၊ မီးမီးလေးလားဆိုတာ ခန့်မှန်းကြည့်နိုင်ပါတယ်။
HYA (kyarlay)