
ကိုယ်ဝန်ဒုတိယ၃ လပိုင်းမှာ ရင်သွေးလေးအများစုဟာ ဇောက်ထိုးအနေအထားမှာ နေနေကြပါပြီ။ရင်သွေးလေးဟာမေမေရဲ့ ရင်ခေါင်းနဲ့ ဝမ်းဗိုက်ကို ခြားထားတဲ့ အကန့် Diaphragm ကို တွန်းပြီး ပင့် တင် ထာသလိုဖြစ်တဲ့အတွက် မေမေ အသက်ရှုရ ခက်ပါလိမ့်မယ်။ အထူးသဖြင့် ပက်လက်အိပ်မိရင်ပေါ့။ ပက်လက်အိပ်မိရင် အသက်ရှူရ ခက်ခဲရုံမက သားအိမ်နဲ့ ရင်သွေးလေးက ကျောရိုးပေါ်မှာရှိတဲ့ သွေးပြန်ကြောမကြီးကို ဖိမိတဲ့အတွက် သွေးပေါင် ကျတတ်ပါတယ်။ ခေါင်းမူးတတ်ပါတယ်။
တတိယ ၃လပိုင်း အချိန်မှာ ရင်သွေးလေးဟာ သားအိမ်အတွင်းမှာ မွေးဖို့အသင့်အနေအထားဖြစ်တဲ့ ခေါင်းဇောက်ထိုး အနေအထားနဲ့ စနေနေပါပြီ။ အဲ့ဒီ အနေအထားမရသေးလည်း စိတ်မပူပါနဲ့။ ၃၆ ပတ်အထိ ပြောင်းနိုင်ပါသေးတယ်။နေရာကြပ်လာတဲ့အတွက် ရင်သွေးလေးလှုပ်ရှားဖို့ နေရာကျဉ်းလာတဲ့ အတွက် လနုစဉ်ကလို လွတ်လပ်စွာ ခပ်ကြမ်းကြမ်းမတိုးနိုင်တော့ပေမဲ့ ကျန်းမာနေတဲ့ ကလေးက ပုံမှန် တိုးနေရပါတယ်။ ရင်သွေးလေး ကျန်းမာရေးအခြေအနေသိရဖို့ ရင်သွေးလေးရဲ့ လှုပ်ရှားမှုကို ဂရုပြုဖို့လိုပါတယ်။
လရင့်လာတဲ့အပိုင်းမှာ ဝမ်းချုပ်တာက ပိုဆိုးလာ ပါတယ်။ ကလေးခေါင်း ရိုးကွင်းထဲဝင်ရင် ကလေး ခေါင်းက မေမေ့ရဲ့ အစာဟောင်းအိမ် (ချီးအိမ်)ကို ဖိထားပြီ ဝမ်းသွားရ ပိုခက်တတ်ပါတယ်။
မွေးဖွားဖို့နီးလာချိန်မှာတော့ ကလေးခေါင်းက ရိုးကွင်းထဲ ပိုပိုဝင်လာတဲ့အတွက် ခြေထောက်ကလာတဲ့သွေးကြောတွေကို ဖိမိလာတဲ့ အတွက် ခြေထောက်တွေယောင်တတ်ပါတယ်။ကြာကြာထိုင်ခြင်း၊ ကြာကြာရပ်ခြင်းများကိုရှောင်ပြီး လမ်းလျှောက်ပေးခြင်းဖြင့် ခြေထောက်ရောင်တာတွေ ကျလာစေပါတယ်။