ကိုယ်ဝန်ဆောင်ချိန်ဟာ မေမေတို့ အထူးဂရုပြုရတဲ့အချိန်ပါ။ အဲဒီကာလမှာ မေမေတို့အနေနဲ့ ဘယ်လိုရောဂါပိုးမျိုးမှ မဝင်အောင် သတိထားရပါတယ်။ တကယ်လို့ ရောဂါပိုးဝင်လာပြီဆိုရင် ကိုယ့်သာမကဘဲ ဝမ်းဗိုက်ထဲက ရင်သွေးလေးပါ ခံရမှာ ဖြစ်ပါတယ်။ အတိုချုံးပြောရရင်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လိုကူးစက်ရောဂါမျိုးမဆို မိခင်နဲ့ ကလေးအတွက် အန္တရာယ်ရှိနိုင်တာပါပဲ။
အမျိုးသမီးတွေမှာ အဖြစ်များတတ်တဲ့ ဆီးလမ်းကြောင်းပိုးဝင်ရောဂါဟာလည်း ကိုယ်ဝန်ဆောင်မေမေတို့ ဂရုစိုက်သင့်တဲ့အရာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ဝန်က ဆီးအိမ်ကိုဖိထားမိလို့ ဆီးအောင့်သလိုဖြစ်ပွားပြီး ပိုးဝင်နိုင်ခြေ များတာကို တွေ့ရပါတယ်။ အသက် (၂၀) နဲပ (၅၀) ကြား အမျိုးသမီးတွေမှာ ဖြစ်တတ်ပြီး ကိုယ်ဝန်နုစဉ်အခါမှာ အဖြစ်များတာပါ။
လိင်ဆက်ဆံတာ များသူတွေ၊ အမျိုးသမီးကွန်ဒုံးအသုံးပြုသူတွေ၊ တာဆေးအသုံးပြုသူတွေဆီမှာ အဖြစ်များတာကိုလည်း တွေ့ရပါတယ်။ ဆီးလမ်းကြောင်းပိုးမဝင်ဖို့ အဓိကကတော့ အီးအောင့်မထားဖို့ပါပဲ။ ဆီးသွားချင်ရင် ချက်ချင်း ထသွားဖို့ လိုပါတယ်။
ပြီးတော့ ရေများများ သောက်ပေးရပါမယ်။ အမျိုးသားတွေနဲ့ မတူမနေခင်နဲ့ နေပြီး ဆီးပုံမှန်သွားပေးဖို့ လိုအပ်ပါတယ်။ ဆီးလမ်းကြောင်းပိုဝင်တာဟာ သိပ်ပြီး စိုးရိမ်ဖို့ မလိုပေမယ့် ဂရုစိုက်ရမယ့်အရာပါ။ တကယ်လို့ အဲဒီရောဂါရဲ့ အခြားတစ်ခုဖြစ်တဲ့ ကျောက်ကပ်ပိုးဝင်ရင်တော့ ဒါဟာ မေမေနဲ့ ကလေးအတွက်ပါ အသက်န္တရာယ် စိုးရိမ်ရလို့ပါ။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး