ကိုယ်ဝန်ဆောင်မိခင်များဟာ သူတို့ရဲ့ ရေမြွာပေါက်တဲ့အတွေ့အကြုံများစွာကို ပြန်လည်မျှဝေပေးသွားတဲ့ မှတ်တမ်းများအား ပြန်လည်လေ့လာတဲ့အခါမှာတော့ အများစုက ရေမြွာပေါက်ချိန်မှာ စိတ်သက်သာရာ ရသွားတယ်ဆိုတဲ့ အချက်ကို တွေ့ရှိရပါတယ်။
မိခင်လောင်းတစ်ဦးက " စိတ်သက်သာရာရပါတယ်။ ဒီအချိန်က ညှစ်ဖို့အကောင်းဆုံးအချိန်ပဲ!" လို့ ဆိုခဲ့ပါတယ်။ အခြားတစ်ဦးက " ဝမ်းအကြီးအကျယ်တစ်ကြိမ်သွားတယ်။ အဲ့နောက်မှာတော့ အရာအားလုံး အေးဆေးဖြစ်သွားတာပါပဲ " လို့ ဖွင့်ဟလာခဲ့ပါတယ်။
" ရေမြွာပေါက်ချိန်ကလေးမှာတော့ ပေါ့ပါးသွားပေမယ့် ကလေးက တိုးထွက်လာတာနဲ့ တဖြည်းဖြည်း နာလာတော့တာပဲ " " သားလေးကိုမမွေးခင် ၁၅မိနစ်အလိုလောက်မှာ ရေမြွာစပေါက်ပါတယ်။ ခန္ဓာကိုယ်ထဲက ရေနွေးတွေ ထွက်သွားသလို ခံစားလိုက်တယ်" လို့ မိခင်များက သူတို့ရဲ့ ခံစားချက် အတွေ့အကြုံများကို ပြောပြခဲ့ကြပါတယ်။
မိခင်လောင်းများ ရေမြွာပေါက်တဲ့အခါ ခံစားရတဲ့ ခံစားမှုဟာ ဒီအဖြေမျာကို ကြည့်ခြင်းအားဖြင့် နာကျင်မှုဒဏ်ကို ခံစားရတယ်ဆိုသော်ငြား ပေါ့ပါးပြီးစိတ်သက်သာရာရသွားတယ်ဆိုတဲ့ အဖြေကို ရရှိခဲ့ပါတယ်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး