လေအောင့်ခြင်းကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ နို့တိုက်ကျွေးချိန်(သို့မဟုတ်) နို့မှုန့်တိုက်ချိန်များမှာ ရင်သွေးငယ်လေးကို မတ်မတ်ထားသင့်ပါတယ်။ တကယ်လို့ ခန္ဓာကိုယ်ဖြောင့်မတ်မနေဘဲ အစားစားမိပါက အစာနှင့်အတူလေများခိုနိုင်ကာ လေအောင့်ခြင်း ဖြစ်စေနိုင်ပါတယ်။
ကလေးငယ်လေးပက်လက်အနေအထားဖြင့် ခြေထောက်များကို ညင်သာစွာကိုင်ကာ စက်ဘီးစီးသော သဏ္ဍာန် တစ်နေ့ကို အကြိမ်များစွာ ပြုလုပ်ပြီး လေ့ကျင့်ပေးပါ။ လေအောင့်စေနိုင်မယ့် အစားအစာများကို ရှောင်ကြဉ်ပါ။ ရင်သွေးငယ်လေး ဗိုက်ဆာတဲ့အထိမစောင့်ဘဲ နို့တိုက်ပါ။ အဆာလွန်တဲ့အခါမှာ လေအောင့်တတ်ပါတယ်။ အေးဆေးငြိမ်သက်သော ပတ်ဝန်းကျင်မှာ ကျွေးပါ။
နို့ဗူးတိုက်ကျွေးတဲ့အခါမှာ နို့သီးခေါင်းအတွင်း နို့များပြည့်နေအောင် စောင်းပြီးတိုက်ပါ။ သို့မဟုတ်ပါက လေခံသွားနိုင်ပြီး လေအောင့်ခြင်း ဖြစ်ပေါ်နိုင်ပါတယ်။ နို့သီးခေါင်းမှအပေါက်ဟာ မကြီးလွန်း ၊ မသေးလွန်းရပါ။ ပမာဏနည်းနည်းနဲ့ မကြာမကြာ ကျွေးပေးပါ။
ရင်သွေးငယ်လေး လေအောင့်တဲ့အခါအရင်ဆုံး ပြုလုပ်ရမှာက မကြာခဏလေတက်စေဖို့ပါ။ လေတက်ခြင်းကြောင့် ရင်သွေးငယ်လေးရဲ့ ဝမ်းဗိုက်ထဲမှာ ခိုနေတဲ့ လေများဟာ အပြင်ကို ထွက်သွားပြီး လေအောင့်ခြင်းကို သက်သာစေပါတယ်။
ဒီ့အတွက် နို့တိုက်ကျွေးနေစဉ်တိုင်းမှာ လေတက်စေဖို့ အားထုတ်သင့်ပါတယ်။ လေတက်ခြင်းကို အလွယ်တကူ မရရှိနိုင်ပါက ကလေးကို ၂မိနစ်ခန့် နောက်ကျောပေါ်တွင်တင်ပြီး ချီထားပေးရပါမယ်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး