မေမေတို့ရေ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ရင်သွေးလေးကို ကျန်းကျန်းမာမာမွေးဖွားနိုင်ဖို့ ကိုယ်လက်လှုပ်ရှားလေးကျင့်ခန်းတွေကလည်း အရေးကြီးပါတယ်နော်။ ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်းမှာရော မွေးဖွားပြီးချိန်မှာပါ ပြင်းထန်မှုအတော်အသင့်ရှိတဲ့ ကိုယ်လက်လှုပ်ရှားလေးကျင့်ခန်းတွေ (ဥပမာအနေနဲ့ တစ်နာရီသုံးမိုင်လမ်းလျှောက်ခြင်း) ကို တစ်ပတ်မှာ မိနစ် ၁၅၀ လောက်ဆောင်ရွက်သင့်ပါတယ်။ ပုံမှန်လေ့ကျင့်ခန်းတွေကိုလည်း ပြုလုပ်သင့်ပါတယ်နော်။ ပြင်းထန်တဲ့ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေကတော့ ပုံမှန်လုပ်ဆောင်နေကျမေမေတွေအနေနဲ့ ဆက်လက်ဆောင်ရွက်နိုင်ပေမယ့် ဆရာဝန်နဲ့ တိုင်ပင်ပြီးဆောင်ရွက်တာက ပိုမိုသင့်တော်ပါတယ်။
မေမေတို့ရေ ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်းမှာ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းစတင်ပြုလုပ်မယ်ဆိုရင် ပြင်းထန်မှုနည်းနည်းနဲ့စပြီးတဖြည်းဖြည်းတိုးဆောင်ရွက်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ ပက်လက်လဲလျောင်းဆောင်ရွက်ရတဲ့၊ ချော်လဲနိုင်တဲ့၊ ဝမ်းဗိုက်ကိုထိခိုက်နိုင်တဲ့ လေ့ကျင့်ခန်းတွေကိုလည်း ရှောင်ရှားသင့်ပါတယ်။ လေ့ကျင့်ခန်းတွေနဲ့ပတ်သက်ပြီး နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေ၊ နည်းပြတွေနဲ့ တိုင်ပင်ပြီးမှပြုလုပ်တာကတော့ အကောင်းဆုံးပါပဲမေမေတို့ရေ။
ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်းမှာ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေပြုလုပ်ပေးတဲ့အတွက် အချိန်မကျမီမှာ ကလေးစောမွေးတာ၊ ပေါင်မပြည့်တဲ့ကလေမွေးတာ၊ ကိုယ်ဝန်ပျက်ကျတာ၊ ကလေးကြီးထွားမှုကို ထိခိုက်စေတာ၊ မိခင်နို့ထွက်ပြောင်းလဲတာမျိုးတွေ မဖြစ်စေပါဘူးတဲ့ မေမေတို့ရေ။ အဲ့ဒါကြောင့်လည်း မေမေတို့အားလုံးက လှုပ်လှုပ်ရှားရှားတဲ့ ကိုယ်ဝန်ဆောင်တွေအတွက် သင့်တော်တဲ့ လေ့ကျင့်ခန်းတွေကို ပြုလုပ်ပေးကြဖို့အတွက် ကျားလေးက အကြံပြုလိုက်ပါတယ်နော်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး