ရင်သွေးငယ်များအတွက် ထုတ်လုပ်ထားတဲ့နွားနို့ အခြေခံ နို့မှုန့်များဟာ အခြေခံ ပါဝင်ပစ္စည်းများ ကွဲပြားခြင်းမရှိတဲ့အတွက် အမျိုးအစားပိုမိုကောင်းမွန်သော နို့မှုန့်ကို ပြောင်းတိုက်မယ်ဆိုရင်လည်း ပြဿနာ ကြီးကြီးမားမား မရှိပါဘူး။
အရသာအနည်းငယ်သာပြောင်းလဲသွားနိုင်ပြီး ကလေးငယ်ကလည်း သောက်သုံးရန် နှစ်ခြိုက်မှာ အမှန်ပါပဲ။ ဟိုက်ဒရိုလိုက်ဆိတ် ဖော်မြူလာနို့မှုန့်ကို သောက်သုံးနေမယ်ဆိုရင်တော့ ကျွမ်းကျင်သူနှင့် တိုင်ပင်သင့်ပါတယ်။
နို့မှုန့်ပြောင်းတိုက်လိုက်ခြင်းကြောင့် ကလေးငယ်လေး ထိခိုက်မှာကို မိဘများက စိုးရိမ်တတ်ကြပါတယ်။ ကလေးငယ်လေးက သွေးဝမ်းသွားခြင်း သွေးအန်ခြင်းဖြစ်ရင်တော့ ဆရာဝန်နှင့် ဖြစ်နိုင်သမျှ မြန်မြန် တိုင်ပင်သင့်ပါတယ်။ ထိုအရာများကတော့ နို့မှုန့်နှင့် မတည့်သည့် လက္ခဏာများဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့တော့ နွားနို့အခြေခံ နို့မှုန့်နှင့် ပဲနို့ အခြေခံနို့မှုန့်တော့ပြောင်းလဲတိုက်တဲ့အခါ ကျွမ်းကျင်သူရဲ့ အကြံကိုတောင်းခံရန်ပဲဖြစ်ပါတယ်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး