မွေးကင်းစ ရင်သွေးငယ်လေးတွေမှာ ခြေဖျားလက်ဖျားတွေ အေးနေတာဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ ကလေးငယ်ရဲ့ ကိုယ်ခန္ဓာအပူချိန်ဟာ မိခင်ပြင်ပသို့ရောက်ရှိသောအခါ ထိန်းညှိရန်လိုအပ်သောကြောင့် တုံ့ပြန်မှုများပြုလုပ်သောအခါ ခြေဖျားလက်ဖျားများက အခြားအစိတ်အပိုင်းများထက် ပို၍ အေးလာပါတော့တယ်။
ရင်သွေးလေးရဲ့ ခြေဖျား လက်ဖျားလေးများအေးနေရင် ခြေအိတ် လက်အိတ် အပြည့်ဝတ်ဆင်ပေးသင့်ပါတယ်။ စောင်အထူကြီးနှင့် ခြုံပေးထားခြင်းမျိုးတော့မပြုလုပ်သင့်ပါဘူး။ ကလေးငယ်ကို ကိုယ်လုံးတီးထားခြင်းမျိုးလည်း မပြုလုပ်သင့်ပါဘူး။
အပူချိန်တိုင်းကိရိယာကို အသုံးပြုပြီး ကိုယ်ခန္ဓာအပူချိန်ကို တိုင်းတာကြည့်ပါ။ ကိုယ်အပူချိန်က ၉၇ ဒီဂရီထက် ကျော်လွန်နေရင်တော့ စောင်အပိုခြုံထားပေးရန် လိုအပ်ပါတယ်။
ကလေးငယ်က အဖျားကြီးပြီး ငိုနေရင်တော့ ဆရာဝန်နှင့် တတ်နိုင်သမျှ မြန်မြန်ပြသသင့်ပါတယ်။
မိခင်နှင့်ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး