စျေး မီဒီယာ
မမွေးဖွားမှီ

ကိုယ်ဝန်ပျက်ကျပြီး ကိုယ်ဝန်ထပ်ဆောင်မယ်ဆိုရင်

Posted by May Thaw Htoo August 9, 2022
Brwa97xwotnypncziewu

• ပထမ ပျက်သွားတဲ့ ကိုယ်ဝန်က ဘာကြောင့်ပျက်ရတယ် ဆိုတာက အရေးကြီးပါတယ်။

• ဘာလို့လဲဆိုတော့ ၅၀ ရာခိုင်နှုန်းက မျိုးရိုးဗီဇချို့ယွင်းချက်တွေကြောင့် ပျက်ရတာ ရှိပါတယ်။
• မျိုးရိုးဗီဇချို့ယွင်းချက်တွေကြောင့် ဆိုရင် မိဘနှစ်ဦးရဲ့ ချို့ယွင်းချက် ရှိမရှိ စစ်ကြည့်ဖို့လိုပါတယ်။

• အန္တရာယ်ညွှန်းကိန်းကိုတွက်ပြီး ကိုယ်ဝန်ရှိစမှာ တွက်ယူလို့ရပါတယ်။
•
• တချို့က သားအိမ်သားလုံး ရှိတာ သားအိမ်ပုံသဏ္ဍာန် မမှန်သော မွေးရာပါ ချို့ယွင်းချက် ရှိတာကြောင့် ပျက်တတ်ပါတယ်။
• ကိုယ်ဝန် ၁၄ ပတ်နောက်ပိုင်းဆိုရင်တော့ သားအိမ်ခေါင်းမလုံတာလားဆိုတာကို ထည့်စဉ်းစားရမယ်။

• ပျက်ရတဲ့ အကြောင်းရင်းနဲ့ ကုသပုံ (ဆေးစားရုံလား၊ သားအိမ်ခြစ်ရလား) ခံစားဖူးတဲ့ ဆိုးကျိုးရှိမရှိ ဆိုတာကို နောက်ကိုယ်ဝန်စောင့်ရှောက်မယ့် ဆရာဝန်ကို ပြောပြထားရပါမယ်။

• ကိုယ်ဝန်ယူတော့မယ်ဆိုရင်
**************************
• ကလေးဦးနှောက်နဲ့
• ကျောရိုးတစ်လျှောက် ဖွံ့ဖြိုးမှု မှန်ကန်စေဖို့
• ဖောလစ်အက်ဆစ် ဆိုတဲ့ဆေးကို တစ်နေ့တစ်ပြားကြိုတင်သောက်ထားသင့်ပါတယ်။
• ကိုယ်ဝန်ရှိစ ပထမ ၃လအတွင်း
• ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ ဖွံ့ဖြိုးနေတဲ့ အချိန်မှာလည်း ဆက်သောက်ထားသင့်ပါတယ်။

မှတ်ချက်။ ။ မေ့ရင်သွေး မဂ္ဂဇင်း ၂၀၁၇ ဇူလိုင်လ ထုတ်တွင်
ဒေါက်တာ သဇင်ညွှန့် ဖြေပေးထားသော အင်တာဗျူးမှ ကောက်နုတ်ထားခြင်း ဖြစ်ပါသည်။

မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.