ကလေးငယ်များဟာ အိပ်မောကျနေတဲ့အချိန်မှာ လူကြီးများကဲ့သို့ လှုပ်ရှားမှုများ မပြုလုပ်သောကြောင့် ချွေးများ ထွက်လေ့ရှိပါတယ်။ ကလေးတစ်ဦးဟာ ကြာမြင့်စွာ တသမတ်တည်း ရှိနေချိန်မှာ ခန္ဓာကိုယ်အပူချိန် မြင့်တက်လာပြီး ချွေးများထွက်လာပါလိမ့်မယ်။
အရွယ်ရောက်သူများနဲ့မတူဘဲ ကလေးများရဲ့ ချွေးဂလင်းများဟာ သူတို့ရဲ့ ခေါင်းများနဲ့ နီးကပ်စွာ တည်ရှိပါတယ်။ ဒါ့ကြောင့် ညအချိန်မှာ အလွန်အကျွံ ချွေးထွက်စေပါတယ်။
အထူးသဖြင့် အိပ်နေစဉ်မှာ ခေါင်းကို မရွေ့လျားသောကြောင့် အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း ခန္ဓာကိုယ်အပူချိန် မြင့်တက်မှာ ဖြစ်ပါတယ်။
အခြားပြင်ပကြောင့် ချွေးထွက်ခြင်းလည်း ဖြစ်ပေါ်နိုင်ပြီး အခန်းအပူချိန်မြင့်မားခြင်းက ညအခါမှာ ရင်သွေးငယ်လေးတွေကို ချွေးထွက်စေနိုင်ပါတယ်။
စောင်ခြုံပြီးမှ အိပ်စက်လေ့ရှိတဲ့ မိသားစုများမှာရှိတဲ့ အလေ့အကျင့်လေးတွေကြောင့်လည်း အလွန်အကျွံချွေးထွက်စေပါတယ်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး