ကိုယ်ဝန်ရဖို့ အကောင်းဆုံးအချိန်ကို အမျိုးသမီး ရာသီလာတဲ့ရက်ကို ကြည့်ရပါတယ်။ သားဥကြွေခြင်းဖြစ်စဉ်အတွက် အမျိုးသမီးရဲ့ သားဥအိမ်ထဲမှာ တစ်လတစ်ခါ ပုံမှန်ကြွေလေ့ရှိပါတယ်။
များသောအားဖြင့် ပထမဥကြွေပြီး ၂၄နာရီအတွင်း နောက်ထပ်ဥများစွာထွက်လာနိုင်ပါတယ်။ အဲ့ဒီ့အချိန်မှာ သားအိမ်နံရံထူလာပြီး သားအိမ်ခေါင်းရှိချွဲများဟာ ပိုမိုပါးလွှာလာတာကြောင့် သုက်ပိုးများ အလွယ်တကူ ကူးဖြတ်နိုင်ပါတယ်။
သားဥဟာ မျိုးဥပြွန်ထဲသို့ ဖြည်းညင်းစွာ ကျဆင်းလာပါတယ်။ အဲ့ဒီ့အချိန်မှာ အမျိုးသားနဲ့ အမျိုးသမီးဟာ တိုက်ဆိုင်စွာ လိင်ဆက်ဆံခဲ့မယ်ဆိုရင် အမျိုးသားရဲ့ သုက်ပိုးဟာ အဆိုပါ မမျိုးဥနဲ့သွားရောက်ပေါင်းစပ်နိုင်ပါတယ်။
ထိုအချိန်အတွင်း အမျိုးသမီးရဲ့ သားအိမ်နံရံဟာ ထူနေတာကြောင့် သုက်ပိုးနဲ့မမျိုးဥပေါင်းစပ်ဖို့ လုံလောက်သွားပြီး ကိုယ်ဝန်ရဖို့ လွယ်ကူသွားပါတယ်။
HYA (kyarlay)