တုပ်ကွေးဟာ ချောင်းဆိုးခြင်းနှင့် နှာချေခြင်းမှ ကူးစက်သော ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်ပါတယ်။ အအေးမိဖျားနာခြင်းနဲ့ မတူညီတဲ့အချက်က တုပ်ကွေးဟာ ဗိုင်းရပ်စ်ပိုးများကြောင့် ဖြစ်တတ်ခြင်းပါ။
တုပ်ကွေးရဲ့ ရောဂါလက္ခဏာများ ပိုမိုပြင်းထန်ပြီး ကြာရှည်ခံလေ့ရှိပါတယ်။ တကယ်လို့သင့်မှာ ကိုယ်ဝန်ရှိပြီး တုပ်ကွေးရောဂါလက္ခဏာများ တွေ့ရှိရပါက ဆရာဝန်နှင့် အမြန်ဆုံး တွေ့ဆုံပါ။
တုပ်ကွေးရှိတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးများဟာ ရောဂါပိုးကူးစက်မှုနှုန်း မြင့်မားသောကြောင့် ဗိုင်းရပ်စ်နှိမ်းနင်းရေး ဆေးဝါးများကို အသုံးပြုကုသသင့်ပါက ကုသရပါမယ်။
တုပ်ကွေးဗိုင်းရပ်စ်များ ကိုယ်ဝန်ဆောင်မိခင်တွေမှာ တွေ့ရှိရပါက အနားယူပါ။ နွေးနွေးထွေးထွေးနေပါ။ ရေဓာတ်ခန်းခြောက်ခြင်းကို ကာကွယ်ဖို့ ရေများများသောက်ပါ။ ကိုယ်အပူချိန်ကို လျော့ကျစေရန်နှင့် နာကျင်ကိုက်ခဲမှုများ သက်သာစေရန် ပါရာစီတမော သောက်သုံးပေးပါ။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး