• ကိုယ်ဝန်ပျက်တာ နဲ့ ဖျက်တာက မတူပါဘူး။
• ဖျက်ထားတဲ့ သူကျတော့ ဖျက်တယ်ဆိုကတည်းက သူတို့ မလိုချင်လို့လေ။
• ကိုယ်ဝန်ရလို့ နောက်တစ်ခေါက် ထပ်ဖျက်ရင်
• ပထမ တစ်ခေါက်မှာ အမေဟာ သေဆုံးမှုနဲ့ မကြုံရရင် နောက်တစ်ခေါက်မှာ သေဆုံးနိုင်ပါတယ်။
• မလိုချင်လို့ ဖျက်ချလိုက်တာဆိုတော့ ထပ်ပြီးမလိုချင်တော့ရင် တားရမယ်။
• ဒါဆိုရင် မဖျက်ရတော့ဘူးပေါ့ ။
• မလိုချင်ရင်တော့ အခုခေတ်မှာ အရမ်းလွယ်ပါတယ်။
• သားဆက်ခြားခြင်း နှင့် ပတ်သတ်လို့ အသိပညာပေး အဖွဲ့ အစည်းတွေလည်း အများကြီးရှိပါပြီဆိုတော့ သန္ဓေတားဖို့ နည်းလမ်းပေါင်းစုံ ညွှန်ပြပေးပါတယ်။
• တားဆေးကို ဘယ်တော့မှာ စသုံးသင့်သလဲဆိုရင် သားအိမ်ထဲမှာတော့ သန္ဓေသားရဲ့ အစိတ်အပိုင်းတွေ အကုန်လုံးကုန်စင်သွားပြီဆိုရင် ကုန်စင်တဲ့နေ့က စပြီးသုံးစွဲသင့်ပါတယ်။
• ကိုယ်ဝန်ပျက်ကျပြီးတော့ သားအိမ်ခြစ်ဖို့ လိုအပ်တဲ့သူလည်းခြစ်တယ်ပေါ့။
• မလိုအပ်တဲ့သူလည်း မခြစ်ဘူးပေါ့။
• တချို့က တားဆေး သုံးရင် ကုန်ကျစရိတ်များလားဆိုပြီး မေးကြတယ်။
• ဖျက်လိုက်လို့ မိခင်မှာ ဒဏ်ရာဒဏ်ချက်တွေ ရှိမှာထက် မိသားစု ပျော်ပျော်ရွှင်ရွှင် နေရဖို့အတွက်ဆိုရင် သန္ဓေတားဆေးတွေက မျိုးစုံရနေပါပြီလို့ ပြောပါရစေ။
ဒါကြောင့် ဖျက်မချလိုက်ပါနဲ့။
မှတ်ချက်။ ။ မေ့ရင်သွေး မဂ္ဂဇင်း ၂၀၁၇ ဇူလိုင်လ ထုတ်တွင် ဒေါက်တာ သဇင်ညွန့်၏ အင်တာဗျူးမှ ကောက်နုတ်ထားခြင်း ဖြစ်ပါသည်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး