
မေမေတို့ရေ ရင်သွေးလေးကိုလည်း ချိုချိုတိုက်ရတော့မယ်။ မိခင်ရဲ့နို့သီးခေါင်းကလည်း အထဲဝင်နေတာကြောင့် စိတ်သောကရောက်ရတာမျိုးတွေ ဖြစ်ပါတယ်နော်။ အဲ့ဒီလိုအခြေအနေမျိုးမှာ နို့သီးခေါင်း စုပ်ထုတ်တဲ့ခွက်လေးတွေ အလွယ်တကူအသင့်ရှိနေရင်တော့ အဆင်ပြေတယ်ဆိုပေမယ့် ကြိုတင်ပြင်ဆင်မထားမိတဲ့သူတွေကတော့ စိတ်သောကရောက်ကြရမှာပါ။ အဲ့ဒါကြောင့်လည်း ဒီပြဿနာအတွက် ဖြေရှင်းရမယ့် နည်းလမ်းလေးကို ကျားလေးကနေ မျှဝေပေးချင်ပါတယ်။
မေမေတို့ရေ ကိုယ်ဝန်ဆောင်စဉ်ကာလမှာကတည်းက နို့သီးခေါင်းအထဲဝင်နေမနေဆိုတာကို သတိပြုသင့်ပါတယ်။ မူမမှန်တဲ့နို့သီးခေါင်းကို ကိုယ်ဝန်ဆောင်ဘဝကတည်းက ပြုပြင်ပေးမယ်ဆိုရင် အဆင်ပြေချောမွေ့စေနိုင်ပါတယ်။ မူမမှန်တဲ့၊ ပြားတဲ့နို့သီးခေါင်းနဲ့ အတွင်းဝင်နေတဲ့နို့သီးခေါင်းတွေကို ရေချိုးတဲ့အခါတိုင်း မကြာခဏ ဆွဲထုတ်ပေးဖို့ လိုအပ်ပါတယ်။ နို့သီးခေါင်းအပြင်ကို ထွက်လာစေဖို့အတွက် ပုံလေးမှာပြထားတဲ့အတိုင်း အေရီယိုလာ နေရာကနေ (Areola) လက်မနဲ့ကော်ပြီး ဆွဲထုတ်နိုင်ပါတယ်။
မေမေတို့ရေ နို့သီးခေါင်းပုံမှန်မရှိတဲ့ မိခင်တွေအနေနဲ့ နို့မတင်းစေဖို့ကိုလည်း အထူးသတိပြုဖို့လိုပါတယ်နော်။ ကလေးကိုနို့တိုက်ပြီးတိုင်း တစ်ရက်ကို (၈) ကြိမ်ခန့် နို့ညှစ်ပေးပြီး မိခင်နို့ကို အမြဲပျော့ပျောင်းနေအောင် ထားရှိဖို့လိုပါတယ်။ အသင့်အတင့်ဝင်နေတဲ့ နို့သီးခေါင်းက ကလေးနို့စို့မယ်ဆိုရင် ပြန်ထွက်လာတတ်ပါတယ်နော်။
ကဲ မေမေတို့က ဂရုတစိုက်နဲ့ ရင်သွေးလေးနို့ချိုပြည့်ပြည့်ဝဝနဲ့ အဆင်ပြေပြေသောက်သုံးနိုင်ဖို့ ကြိုးပမ်းနိုင်ကြပါစေနော်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး