
ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်အနေနဲ့ သန္ဓေသားဖွံ့ဖြိုးဖို့အတွက် တစ်နေ့ကို ကယ်လိုရီ၃၀၀ခန့် စားသုံးပေးဖို့ လိုပါတယ်။ ကိုယ်ဝန်ဆောင်စဉ်မှာ ဥပုသ်စောင့်ပြီး အစားရှောင်ခြင်းကြောင့် အစားမစားတဲ့အချိန် ကြာသွားတဲ့အခါ အသည်းမှ ထုတ်လုပ်သော မော်လီကျူးများဟာ သန္ဓေသားကို ဆိုးကျိုးသက်ရောက်စေပါတယ်။
မိမိတို့ရဲ့ ကိုးကွယ်မှု သက်ဆိုင်ရာ ဘာသာများအရ ကိုယ်ဝန်ဆောင်မိခင်များကို မဖြစ်မနေ ဥပုသ်စောင့်ခိုင်းတာမျိုးတော့မရှိပါဘူး။ ကိုယ်ပိုင်ဆုံးဖြတ်ချက်အရ ဥပုသ်စောင့်ပြီး အစားရှောင်မယ်ဆိုရင်တော့ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးများကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။
အစားရှောင်ပြီလို့ ဆုံးဖြတ်ထားရင်တော့ သင့်ကိုယ်ဝန်အပ်ထားတဲ့ ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။ သင့်ဆရာဝန်က ဘယ်လိုဆုံးဖြတ်သည်ဖြစ်စေ၊ ရေတော့ မဖြစ်မနေ သောက်ပေးရပါမယ်။
ရေဟာ သန္ဓေသားဖွံ့ဖြိုးမှုအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေတာကြောင့် ရေကို ပုံမှန်သောက်ပေးရပါမယ်။ ရေဓာတ်ခန်းခြောက်ခြင်းကြောင့် ရေမြွာရည်နည်းပါးသွားနိုင်ပါတယ်။ သင့်ဆရာဝန်ရဲ့ ခွင့်ပြုချက်နဲ့ ဥပုသ်စောင့်ပြီး အစားရှောင်ပြီဆိုရင် အဲ့နေ့မှာ အနည်းဆုံး ရေ၈ခွက် သောက်သုံးသင့်ပါတယ်။ ရေဓာတ်ကို ဆုံးရှုံးစေနိုင်တဲ့ ပြင်းထန်သော လှုပ်ရှားမှုများကို ရှောင်ကြဉ်ရပါမယ်။
HYA (kyarlay)