မွေးကင်းစမှ ၆လအတွင်း ရင်သွေးငယ်လေးဟာ ဖွံ့ဖြိုးဆဲဖြစ်တာကြောင့် လေးနက်ကျယ်ပြန့်သော အကြောင်းအရာများ ပါဝင်သည့် စာအုပ်များ မဖတ်ပြသင့်သေးပါဘူး။
ရုပ်ပုံများ ၊ စိတ်ဝင်စားဖွယ်ရာပုံ များများပါဝင်တဲ့ ရုပ်ပြများကိုသာ ရင်သွေးငယ်ကို ပြသပေးသင့်ပါတယ်။
သင်ဖတ်ပြသော စကားလုံးများကို ရင်သွေးက နားလည်ဖို့ထက် သင့်ရဲ့ ပြောဆိုမှုအပေါ် ရင်းနှီးမှုရအောင် ပြုလုပ်ဖို့ ရည်ရွယ်ခြင်းသာ ဖြစ်ပါတယ်။ ၇လမှ ၁နှစ်သားအရွယ်အတွင်းမှာ ဖတ်ပြတဲ့ စာများထဲမှာ စကားလုံးအချို့ကို စတင်သဘောပေါက်လာနိုင်ပါပြီ။
ရင်သွေးငယ်လေးရဲ့ တုန့်ပြန်မှုကို စောင့်ကြည့်ပြီး အရာဝတ္ထုပစ္စည်းများ ၊ တိရစ္ဆာန်များ စသည်တို့ကို ပုံနှင့်တကွ ဘယ်လိုခေါ်တယ်ဆိုတာ ရှင်းပြခြင်းက ပိုမိုထိရောက်မှု ရှိပါတယ်။ သင့်ရဲ့ အသံထွက် ၊ စာအုပ်ရှိရုပ်ပုံတို့ဟာ ရင်သွေးငယ်လေးရဲ့ စိတ်ဝင်စားမှုကို အပြည့်အဝရရှိစေမှာ ဖြစ်ပါတယ်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး