ရင်သွေးငယ်လေးများကို လက်ဟန်ခြေဟန်ဖြင့် စကားပြောခြင်းရဲ့ အကျိုးကျေူးဇူးများမှာ-
အသက်(၁)နှစ်နဲ့(၂)နှစ်ကြား အရွယ်မှာကတည်းက အချို့သောစကားလုံးများကို နားလည်ခြင်း
စကားလုံးများနဲ့အတူ ဘာသာစကားကိုပါ စောစော တတ်မြောက်စေခြင်း
ဘာသာစကားနှင့်သက်ဆိုင်သော ဝါကျဖွဲ့စည်းပုံကိုပါ တီးခေါက်မိစေခြင်း
မွေးကင်းစကလေးငယ်များ အကြောင်းမဲ့ငိုခြင်းအား လျှော့ချပေးခြင်း
မိဘနဲ့ကလေးအကြား ပိုမိုကောင်းမွန်သော ဆက်ဆံရေးမျိုး ရရှိစေခြင်း
ကလေးငယ်ရဲ့ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြင့်မားစေခြင်း
အသက်(၃)နှစ်ပြည့်ပြီးနောက်တွင် သာမန်ကလေးများထက် စကားပြောစွမ်းရည် ပိုမိုသာလွန်ခြင်း တို့ပဲဖြစ်ပါတယ်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး