အခုခေတ် လူနေမှုပုံစံတွေက ရေနွေးငွေ့ ရေပန်းနဲ့စိမ်ပြီး အပန်းဖြေကြတယ်
Jacuzzi နဲ့ Sauna သုံးရင် ရေနွေးငွေ့သုံးပြီး အပူထုတ်သလိုပါပဲ။
ကိုယ်စိတ်လန်းဆန်းတယ်။
အကြောအချဉ်ပြေတယ်။
အိပ်လို့ကောင်းတယ်လို့ ဆိုပါတယ်။
ခန္ဓာကိုယ်အပူချိန်က ပုံမှန်ဆိုရင် 37’ C ရှိပါတယ်။
အပူရှိန်ကြောင့် အပူရှပ်နိုင်ပါတယ်။
ခန္ဓာကိုယ် အပူမြင့် တတ်လာရင် ရေခန်းခြောက်တယ်။
မူးဝေတယ်။
အပူချိန်ကြောင့် သန္ဓေသားကိုလည်း ထိခိုက်နိုင်ပါတယ်။
ပထမ ကိုယ်ဝန်ဆောင် ၃လ အတွင်းမှာ ဆိုရင် ဦးနှောက်နဲ့ အာရုဏ်ကြောမကြီး ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ကျောကုန်း နှင့် ဦးခေါင်းတို့မှာ ရေအိတ်တွေနဲ့ မွေးလာနိုင်လို့ သတိထားရပါမယ်။
မှတ်ချက်။ ။ မေ့ရင်သွေး မဂ္ဂဇင်း ၂၀၁၇ သြဂုတ်လ ထုတ်တွင်
ဒေါက်တာ အောင်ကြည်ဝင်း ၏ “ ခေတ်သစ်ပျိုမေတို့အတွက်မမွေးဖွားမီ သန္ဓေသားကို ပြုစုစောင့်ရှောက်ခြင်း” ဆောင်းပါးမှ ကောက်နုတ်ထားခြင်းဖြစ်ပါသည်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး