ရေမြွာရည်အိတ်ဟာ ကလေးကို ဝန်းရံနေတဲ့ အရည်အပြည့်ပါသော အမှေးပါးဖြစ်ပါတယ်။ အဆိုပါ အမှေးပါးလေး ပေါက်ပြဲတဲ့အခါ ရေမြွာပေါက်ခြင်း စတင်ဖြစ်ပေါ်တယ်။
ရေမြွာပေါက်ခြင်းသည် မီးဖွားခြင်းရဲ့ ရှေ့ပြေးလက္ခဏာတစ်ခုပါ။ ရေမြွာပေါက်တဲ့အခါ ရေမြွာရည်အိတ်ကွဲထွက်သွားပြီး အရည်များ ကျဆင်းလာပါလိမ့်မယ်။ ရေမြွာရည်ဟာ အရောင်အနံ့ မရှိရပါဘူး။ အဝါရောင် ၊ အစိမ်းရောင် ၊ အညိုရောင်တို့ဖြစ်နေမယ်ဆိုရင် ဆရာဝန်ကို ချက်ချင်းဆက်သွယ်ရပါမယ်။
ကျုံ့ခြင်းဆန့်ခြင်းဖြစ်စဉ်မှာ သွေးကြောများကျဉ်းလာပြီး သားအိမ်ကို တင်းကျပ်စေပါတယ်။ နောက်ကျောမှစတင်ပြီး ပြင်းထန်သောဖိအားဖြင့် ရွေ့လျားမှုကို ခံစားရမှာဖြစ်ပြီး ကျုံခြင်းဆန့်ခြင်းဆွဲအားက တွန်းအားပေး ကူညီပေးပါလိမ့်မယ်။
သားအိမ်ခေါင်းဟာ မိန်းမကိုယ်ထဲသို့ ဝင်ရောက်တဲ့ အနိမ့်ဆုံးအစိတ်အပိုင်းဖြစ်ပြီး အရှည် ၃မှ၄စင်တီမီတာခန့်ရှိပါတယ်။ မီးဖွားချိန်မှာ အဆိုပါ လမ်းကြောင်းဟာ ပြောင်းလဲသွားပြီး မီးဖွားဖို့ လွယ်ကူအောင် ဆောင်ရွက်ပေးပါတယ်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး