
ကလေးများကို တစ်ယောက်တည်း ကိုယ်ပိုင် အိပ်ယာပေါ်မှာ သိပ်တဲ့အခါ ကလေးငယ်တို့ဟာ အန္တရာယ်ကင်းပြိး နှစ်ခြိုက်စွာ အိပ်ပျော်နိုင်ဖို့ လိုအပ်ပါတယ်။ ကလေးများဟာ အိပ်စက်တဲ့အခါ ဝမ်းလျားမှောက်လျှက်ဖြစ်စေ၊ ပက်လှန်လှန်ပြီးပြီဖြစ်စေ၊ ဘေးစောင်းတိုက်ဖြစ်စေ စသဖြင့်သော Position အမျိုးမျိုးဖြင့် အိပ်စက်တတ်ကြပါတယ်။
၄လသားနဲ့အောက် အရွယ်မှာတော့ ရင်သွေးငယ်လေးဟာ ဘေးစောင်းအိပ်ဖို့အတွက် စိတ်မချရပါဘူး။ သူတို့ခေါင်းကို နိုင်လာတဲ့ ၄လနောက်ပိုင်းမှသာ ဘေးစောင်းပြီး အိပ်စက်လို့ရပါတယ်။ တချို့မိခင်တွေကတော့ ကလေးငယ်၏ ကျောဘက်ကပ်လျက်ကို စောင်ဖြင့်ခုပြီး သိပ်ထားတတ်ကြပါတယ်။
ကလေးငယ်အတွက် ကိုယ်ပိုင်အိပ်ယာ ပြုလုပ်တဲ့အခါမှာ ဘေးပတ်လည် အကာပါတဲ့ ကလေးအိပ်ကုတင်အမျိုးအစားများကို ရွေးချယ်အသုံးပြုရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကလေးငယ်အတွက် ခြင်၊ ယင် မကိုက်ရအောင်အတွက် ကလေးခုတင်နဲ့ ခြင်ထောင်ဟာ လိုက်လျောညီထွေမှုရှိဖို့လည်း အထူးလိုအပ်ပါတယ်။ တချို့ကလေးအိပ်ကုတင်တွေမှာ ခြင်ထောင်တပ်လိုက်တဲ့အခါ မလုံတာမျိုးတွေ ဖြစ်တတ်ပါတယ်။
ကလေးငယ် အမြဲညာဘက်စောင်းပြီး အိပ်ပါများတဲ့အခါ ခေါင်းတစ်ခြမ်းအနည်းငယ်ပိန်သွားတတ်ပါတယ်။ ဒါ့ကြောင့် ဘယ်ဘက်စောင်းပြီး အိပ်တတ်အောင်လည်း မိခင်တွေအနေနဲ့ ကလေးငယ်ကို ပြုစုလေ့ကျင့်ပေးရပါ့မယ်။ မည်သို့ပင်ဆိုစေကာမူ တစ်နှစ်သားအရွယ်မတိုင်မီအထိ ရင်သွေးငယ် အိပ်စက်ခြင်းကို ဂရုတစိုက်နဲ့ စောင့်ကြည့်ပေးရပါမယ်။
HYA (kyarlay)