ကျီးကန်းပါးစပ်ဆိုတာ နှုတ်ခမ်း ထောင့်လေးတေွကနေ နှုတ်ခမ်းကွဲသလိုကနေစပြီး ပြီးရင်အဲဒီနေရာလေးတွေမှာ အနာလေးတွေ ပေါက်လာတတ်ပါတယ်။ အဓိကကတော့ ဗီတာမင်ဓာတ် လိုတဲ့အခါမှာ ဖြစ်တတ်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့လည်း သက်ဆိုင်ပါတယ်။ တချို့ကျတော့လည်း ကလေးက အဲဒီနားလေးယားလို့ ကုတ်နေရင်း ကုတ်နေရင်းနဲ့ ပိုပိုပြဲသွားပြီး အနာဖြစ်တတ်ပါတယ်။ အဲဒီတော့ အများအားဖြင့် ဗီတာမင် B2 လိုတယ်ဆိုတော့ အားဆေးတွေထဲမှာတော့ ဗီတာမင် B တွေအများကြီး လိုတယ်ပေါ့။ ဟင်းသီးဟင်းရွက်တွေဘာတွေ များများကျွေးခြင်းဖြင့်လည်း ကျွန်မတို့ ကာကွယ်နိုင်ပါတယ်။
ဖြစ်လာပြီဆိုရင် အရေးကြီးတာကတော့ လက်နဲ့ခဏခဏ သွားမကိုင်ဖို့ အရေးကြီးပါတယ်။ နာကျင်တာဖြစ်တဲ့ အတွက်ကြောင့် ပိုပြီးတော့ခြောက်လေ ပိုပြီးတော့ နာကျင်လေဖြစ်တဲ့အတွက် နည်းနည်း glasarine တို့ဘာတို့နည်းနည်းတို့ထားဖို့ လိုပါတယ်။ တကယ်လို့ ပြည်လေးတည်ပြီဆိုရင်တော့ ပိုးသတ်ဆေး၊ ပဋိဇီဝဆေးတိုက်ပေးဖို့လိုပါတယ်။
တစ်ခါတလေဆိုရင် အစာဝင်တာကိုတော့ ဒုက္ခမပေးတတ်ပါဘူး။ ဒါပေမဲ့ အတွင်းဘက်မှာ နည်းနည်းရှိတယ်ဆိုရင်တော့ ဂရုစိုက်ရပါမယ်။ အစာမဝင်လို့ရှိရင် strall လေးနဲ့ အနာလေးကို ကျော်ပြီးတော့ အရည်လောက်ဖြစ်ဖြစ် ဝင်အောင် တိုက်သင့်ပါတယ်။ အရေးကြီးတာကတော့ အဖတ်မစားနိုင်တဲ့အတွက် အရည်ကို တတ်နိုင်သလောက် များများဝင်အောင် တိုက်ပေးသင့်ပါတယ်။ အဲဒီလိုဆိုရင်တော့ ခဏလေးနဲ့ကောင်းသွားနိုင်ပါတယ်။
ဒေါက်တာယုဇနစောမြင့် (ကလေးအထူးကုဆရာဝန်ကြီး)
Ref: မေ့ရင်သွေး
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး