ရင်သွေးငယ်လေးတွေမှာ ဖြစ်တတ်တဲ့ နို့ပွေးအတွက် ဆရာဝန်ညွှန်ကြားတဲ့ မှိုသတ်ဆေးကုထုံးတွေအတိုင်း လိုက်နာလုပ်ဆောင်ပေးရပါမယ်။ ဆေးမြီးတိုတွေနဲ့ လုံးဝမကုသင့်ပါဘူး။ မှားယွင်းကုသမိတာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ မလိုလားအပ်ဘဲရောဂါအခြေအနေဆိုးလာတာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။
ကလေးကို ဆရာဝန်ဆီသွားမပြနိုင်သေးခင်မှာ အုန်းဆီစစ်စစ် ဒါမှမဟုတ် Baby Oil လေးတွေ လိမ်းပေးလို့ရပါတယ်။ ဦးရေပြားပေါ်မှာ နို့ပွေးဖြစ်မယ်ဆိုရင် အရှင်းပျောက်ဖို့က ၆ ပတ်ကနေ ၈ ပတ်လောက်အထိအချိန်ယူရမှာဖြစ်ပါတယ်။ ဆရာဝန်က ကလေးနဲ့သင့်တော်မယ့် မှိုသတ်ဆေးခေါင်းလျှော်ရည် (သို့)ဆေးပြားလေးတွေကို ညွှန်းပေးပါလိမ့်မယ်။
နို့ပွေးနောက်မဖြစ်အောင် လုပ်ဆောင်နိုင်မယ့်အကောင်းဆုံးသောနည်းလမ်းတစ်ရပ်က တစ်ကိုယ်ရေသန့်ရှင်းမှုပါ။ ရင်သွေးငယ်လေးအရေပြားမှာ ကုတ်ရာ၊ခြစ်ရာတွေမဖြစ်စေဖို့ မေမေတို့လက်သည်းတွေကို အတိုညှပ်ပါ။ ကလေးကိုလည်း သူ့ဘာသာကုတ်ခြစ်မိတာမျိုးမဖြစ်အောင် လက်သည်းလေးတွေညှပ်ပေးပါ။
ရင်သွေးငယ်က သူ့ဘာသာကုတ်ခြစ်မိရာကနေလည်း ဘက်တီးရီးယားတွေကူးစက်နိုင်တာကြောင့် ကလေးအိပ်နေတဲ့အချိန်မှာ လက်ကိုအဝတ်လက်အိတ်လေးစွတ်ထားပေးပါ။ နို့ပွေးဖြစ်နေတဲ့နေရာကို ညင်ညင်သာသာသန့်စင်ပေးပြီးခြောက်သွေ့အောင်ထားပါ။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး