
ရင်သွေးငယ်လေးတွေကို အနည်းဆုံး အသက်တစ်နှစ်ခွဲအရွယ် မတိုင်မီ အချိန်အထိ အိပ်စက်ရာမှာ ခေါင်းအုံးအသုံးမပြုဖို့ အကြံပြုထားကြပါတယ်။ ဒီအကြံပြုချက်ဟာ မွေးကင်းစကလေး ရုတ်တရက်သေဆုံးခြင်း (SIDS) နှင့် (SUDC) တို့အပေါ် အခြေခံထားပါတယ်။
ခေါင်းအုံးဟာ သင့်အတွက် လုံခြုံမှုရှိပြီး သက်တောင့်သက်သာ ဖြစ်စေပေမယ့် ကလေးငယ်များအတွက်တော့ အဲ့လိုမဟုတ်ဘူး။ ရင်သွေးငယ်လေးတွေကို ခေါင်းအုံးအသုံးပြုပေးဖို့ အကြံပြထားသော အသက်အရွယ် မတိုင်မီအထိ မွေ့ယာတစ်ခုပေါ်မှာသာ အိပ်စက်စေသင့်ပါတယ်။
သင့်ကလေး အိပ်စက်ချိန်မှာ ခေါင်းအုံးအသုံးပြုပေးသင့်တဲ့ အကောင်းဆုံးအချိန်ကို တွက်ချက်ဖို့ ကျွမ်းကျင်သူများနှင့်ဆွေးနွေးခြင်း ၊ မိမိကိုယ်တိုင် လေ့လာခြင်းတို့ ပြုလုပ်ရန် မရှိမဖြစ် လိုအပ်ပါတယ်။
ရင်သွေးငယ်လေးဟာ ခေါင်းအုံးမသုံးသင့်သေးတဲ့အချိန်မှာ အိပ်မိပါက မျက်နှာဖြင့် နီးကပ်စွာရှိပြီး ၊ အသက်ရှူကြပ်ခြင်း ၊ မအီမသာဖြစ်ခြင်း ၊ ခေါင်းမူးခြင်း ၊ ခေါင်းအုံခြင်းတို့ ခံစားရနိုင်ပါတယ်။
HYA (kyarlay)