အနံ့အရသာနဲ့ပြည့်စုံပြီး အာဟာရဓာတ်တွေလည်း အထူးကြွယ်လှတာကြောင့် လူကြိုက်များလှတဲ့ ထောပတ်သီးဟာ ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ ဝမ်းဗိုက်ထဲက သန္ဓေသားလေး ကြီးထွားဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဖောလစ်အက်ဆစ်ဓာတ်နဲ့ ပိုတက်ဆီယမ်ဓာတ်တို့နဲ့ အဓိကဖွဲ့စည်းထားပါတယ်။
ကိုယ်ဝန်ဆောင်မိခင်လောင်းတွေမှာ ဖောလစ်အက်ဆစ်ဓာတ် ရရှိဖို့က မရှိမဖြစ်အရေးကြီးပါတယ်။ ဒီအတွက် ထောပတ်သီးက ဖြည့်ဆည်းပေးပါလိမ့်မယ်။ ကိုယ်ဝန်ဆောင်ကာလမှာ သံဓာတ်အားနည်းမှုကြောင့် ဖြစ်ပေါ်တတ်တဲ့ သွေးအားနည်းရောဂါကိုလည်း ထောပတ်သီးစားသုံးခြင်းဖြင့် ကာကွယ်ပေးနိုင်ပါတယ်။
မိခင်လောင်းတွေရဲ့ အစာအိမ်ပိုင်းဆိုင်ရာ ဝေဒနာများကိုလည်း ထောပတ်သီးက သက်သာစေနိုင်တယ်။ ဗီတာမင်ဓာတ်တွေ အမြောက်အများပါဝင်တာကြောင့်လည်း ကိုယ်ဝန်ဆောင်တွေရဲ့ ကျန်းမာရေးကို ညီညွတ်မျှတစေရုံသာမက သန္ဓေသား ကြီးထွားဖွံ့ဖြိုးဖို့အတွက်လည်း အထောက်အပံ့ပေးနိုင်ပါတယ်။
ဒါ့အပြင် သန္ဓေသားရဲ့ ဦးနှောက်စွမ်းရည်ကို မြှင့်တင်ပေးနိုင်ခြင်း ၊ မိခင်လောင်းတွေရဲ့ ကိုယ်ဝန်ဆီးချိုရောဂါဖြစ်နိုင်ချေနဲ့ ခြေထောက်ကြွက်တက်ခြင်းတို့ကို လျှော့ချပေးနိုင်တာကြောင့် ကိုယ်ဝန်ဆောင်ကာလမှာ ထောပတ်သီးမဖြစ်မနေ စားသုံးပေးသင့်ပါတယ်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး