ကိုယ်ဝန်ဆောင်မေမေတို့ရေ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ ပြဒါးဓာတ်အဆိပ်သင့်မယ်ဆိုရင် ကိုယ်ဝန်ပျက်တာ၊ ကလေးအသေမွေးတာတွေဖြစ်တတ်ပါတယ်။ တကယ်လို့ ကလေးအရှင်မွေးလာခဲ့မယ်ဆိုရင်တောင် ကလေးရဲ့ ဦးနှောက်နဲ့အာရုံကြောမှာထိခိုက်ပြီး ကိုယ်ကာယဖွံ့ဖြိုးမှုနဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုနှောင့်နှေးတာတွေကို ကြုံတွေ့ရတတ်ပါတယ်။ အဲ့ဒါကြောင့်လည်း ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်း ပြဒါးဓာတ်အဆိပ်မသင့်မိအောင် မေမေတို့က ကိုယ်တိုင်ကာကွယ်သင့်ပါတယ်။ ကာကွယ်ဖို့ဆိုရင်တော့ ...
- အိမ်သုံးပစ္စည်းတွေ၊ ဆေးပစ္စည်းကိရိယာတွေအသုံးပြုရာမှာ ပြဒါးနဲ့ဆက်စပ်နေတဲ့ ပစ္စည်းတွေကို ရှောင်ကျဉ်ရမှာဖြစ်ပါတယ်။
- အသုံးပြုမှုတွေမှာလည်း ပြဒါးအစား အခြားသင့်တော်တဲ့ပစ္စည်းတွေနဲ့ အစားထိုးအသုံးပြုနိုင်ပါတယ်။
- ပြဒါးနဲ့ဆက်စပ်နေတဲ့ လုပ်ငန်းတွေလုပ်ကိုင်တာ၊ ပြဒါးကိုသိုလှောင်တာတွေပြုလုပ်ရာမှာလည်း လူနေအဆောက်အဦရဲ့ ပြင်ပမှာသာ ပြုလုပ်ရမှာဖြစ်ပါတယ်။
- တကယ်လို့ ပြဒါးအသုံးပြုရာမှာ ပြဒါးရည်တွေဖိတ်စင်ခဲ့မယ်ဆိုရင်လည်း နည်းလမ်းတကျသာ ပြဒါးရည်တွေကို ဖယ်ရှားရမှာဖြစ်ပါတယ်။
မေမေတို့ရေ အိမ်တိုင်းမှာ အိမ်သုံးကျန်းမာရေးအထောက်အကူပြုပစ္စည်းတစ်ခုအနေနဲ့ သာမိုမီတာတွေကို ဆောင်ထားတတ်ကြတယ်ဟုတ်။ အဲ့ဒီလိုဆောင်ထားတဲ့သာမိုမီတာကျကွဲတဲ့အခါ ပြဒါးရည်တွေဖိတ်စင်သွားတတ်တာမျိုးကြုံရတတ်ပါတယ်။ အဲ့ဒီလိုအခြေအနေမျိုးတွေမှာ နည်းလမ်းတကျနဲ့ဖယ်ရှားမှသာ ရင်သွေးငယ်တွေတွက်ရော၊ ကိုယ်ဝန်ဆောင်မိခင်တွေအတွက်ပါ အန္တရာယ်ကင်းစေနိုင်မှာဖြစ်ပါတယ်နော်။
ပြဒါးရည်တွေကို နည်းလမ်းတကျသန့်စင်ဖယ်ရှားနည်းလေးကိုလည်း ဆက်လက််ဖော်ပြပေးပါဦးမယ််နော်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး