ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ဆိုတာ တကယ့်ကို မလွယ်ကူတဲ့ ကိစ္စတစ်ခုပါ။ ဝမ်းဗိုက်ထဲမှာ မိမိရဲ့ရင်သွေးလေးကို လွယ်ထားရတာကြောင့် အိပ်စက်မယ့်အချိန်မှာ ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ သင့်ရဲ့ အိပ်စက်ပုံ အနေအထားမမှန်ရင်လည်း သင့်ရဲ့ သန္ဓေသားဟာ အနည်းနဲ့အများဆိုသလို ထိခိုက်မှု ရှိနိုင်ပါတယ်။
ဒါ့ကြောင့် အိပ်ပျော်သွားရင်တောင်မှ ကလေးထိခိုက်မှာ စိုးတဲ့စိတ်နဲ့ မိခင်တွေဟာ ကောင်းကောင်း အိပ်မပျော်နိုင်ကြပါဘူး။ အဲ့ဒါကြောင့် ကိုယ်ဝန်ဆောင် မိခင်လောင်းတွေ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်အနေနဲ့ သက်တောင့်သက်သာ အိပ်ပျော်ခြင်းကို ပိုင်ဆိုင်ချင်တယ်ဆိုရင် နေ့လည်ဘက်တွေမှာ ရေများများသောက်ပေးရမှာပါ။ သင့်ရဲ့ ရေဓာတ်ခန်းခြောက်မှုကို ကာကွယ်ပေးနိုင်ပြီး ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို တိုးမြှင့်ပေးနိုင်တာကြောင့် အိပ်စက်ခြင်းမှာလည်း များစွာ အကျိုးသက်ရောက်မှု ရှိစေမှာ ဖြစ်ပါတယ်။
ကျန်းမာရေးရှုထောင့်အရ ပျော်ရွှင်စွာနေထိုင်ခြင်းနဲ့ နှစ်ခြိုက်စွာ အိပ်ပျော်ခြင်းတို့ဟာ ဆက်စပ်နေပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ တတ်နိုင်သမျှ စိတ်ညစ်စရာတွေမတွေးဘဲ ပျော်ပျော်နေသင့်ပါတယ်။ ဒါ့အပြင် အပေါ့စား ကိုယ်လက်လေ့ကျင့်ခန်းများကိုလည်း တတ်နိုင်သလောက် ပြုလုပ်ပေးရပါမယ်။ အိပ်စက်မယ့်အချိန်ကို အတိအကျသတ်မှတ်ခြင်းဟာလည်း နှစ်ခြိုက်စွာ အိပ်ပျော်နိုင်ခြင်းရဲ့ လျှို့ဝှက်ချက်တစ်ခုပါပဲ။
အိပ်စက်မယ့်နေရာကို ဆိတ်ငြိမ်အေးချမ်းမှုရှိအောင် ပြုလုပ်ထားရမှာဖြစ်ပြီး နောက်ဆုံး အိပ်စက်ချိန်မှာ ခေါင်းထဲမှာ ဘာမှမတွေးတော့ပဲ အိပ်စက်လိုက်ပါ။ ဒါဆိုရင်တော့ သင့်ရဲ့ အိပ်စက်ခြင်းဟာ ကောင်းမွန်တဲ့ အိပ်စက်ခြင်းအဖြစ်ကို ချောချောမွေ့မွေ့ ရောက်ရှိသွားမှာ ဖြစ်ပါတယ်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး