၂၈ ရက်တစ်ခါ ရာသီလာသူအတွက် ရာသီစပေါ်တဲ့နေ့ကနေ ၁၄ ရက်နေ့ဟာ သားဥကြွေတဲ့နေ့ဖြစ်ပါတယ်။ ရာသီလာရက်ဟာ ရှေ့တိုးနောက်ဆုတ် ရှိနိုင်တဲ့အတွက် ကလေးရဖို့ ကြိုးစားနေသူတွေအတွက် ရာသီစပေါ်ရက်မှ ၁၂ ရက်မြောက်နေ့ကစပြီး တစ်ပတ်ကို နေ့တိုင်း သို့မဟုတ် တစ်ရက်ထက် ပိုမခြားဘဲ လက်တွဲဖော်နဲ့ အတူနေသင့်ပါတယ်။
အဲ့ရက်တွေထဲမှာ နှပ်လို ချွဲများများဆင်းတဲ့ရက်ဟာ သားဥကြွေတဲ့ရက် ဖြစ်ပါတယ်။ အဲ့ရက်မှာ ပိုကြိုးစားသင့်ပါတယ်။
အဲ့လို ၃ လလောက်ကြိုးစားရာမှမရရင်တော့ စစ်ဆေးစရာလေးများလိုပါတယ်။ ဆရာဝန်နှင့်တိုင်ပင်ရပါမယ်။
ကလေးရရန် သားဥကြွေရက်မှာ အိမ်ထောင်နဲ့ ဆက်ဆံရန်လိုအပ်ပါတယ်။ တစ်လမှာ သားဥတစ်ဥ ဥကာ သားဥကြွေပြီး ၂၄ နာရီအတွင်း သုတ်ပိုးနှင့် မတွေ့ပါက သားဥ အလိုလို ပျောက်သွားပါတယ်။
ကျန်တဲ့ရက်တွေမှာ ဆက်ဆံခြင်းက ကလေးမရနိုင်ပါဘူး။ သားဥကြွေတဲ့ရက်ကိုတွက်ပြီး နေရန်လိုအပ်ပါတယ်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး