
ကလေးငယ်လေးတေွ တကယ်လို့ ဝမ်းချုပ်ရင် ဝမ်းပျော့ဆေးတေွကို သေချာတိုက်ပေးရမယ်။ Lactulose ဆိုတဲ့ ဝမ်းပျော့ဆေးတေွကို တိုက်ပေးရတယ်။ သူက ဝမ်းနှုတ်ဆေး မဟုတ်ပါဘူး။ Lactulose ဆိုတဲ့ သဘောက အူမှာရေကို ထိန်းပေးထားတယ်။ ရေကို ထိန်းပေးထားတဲ့အတွက်ကြောင့် ဝမ်းက မာကျစ်မသွားတော့ဘဲ ဝမ်းပျော့သွားတယ်။
ဒီဆေးက အူနံရံကနေ ခန္ဓာကိုယ်သေွးကြောထဲကို စိမ့်ဝင်သွားတာမျိုး မရှိဘူး။ ဝမ်းပျော့သွားတာနဲ့ တစ်ပြိုင်နက် ဝမ်းနဲ့အတူ ပြန်ထွက်သွားပါတယ်။ ဒါကြောင့် ကြာရှည်စွဲသောက်ရင်လည်း လူကို ဘာမှ ဘေးဥပါဒ် မပေးဘူး။ အဲဒီဆေးသောက်လို့မှ မရဘူးဆိုရင် ဝမ်းနှုတ်ဆေးတေွ ထည့်ရမယ်။ အဲဒါမှ မရရင်တော့ သေသေချာချာ ထပ်စဉ်းစားရတော့မယ်။
ဒီလိုဝမ်းချုပ်တာက အစားအသောက်၊ အနေအထိုင်ကြောင့်ချည်းပဲ မဟုတ်ဘဲ အူမှာ ပြဿနာရှိနေသလားဆိုတာပါ စဉ်းစားရမယ်။ ဆေးဓာတ်မှန် ရိုက်ကြည့်တာတို့တေွ လုပ်ရမယ်။ တစ်ချို့က ဖင်ပေါက်လေးတေွ ကျဉ်းနေတဲ့ သူမျိုးလည်း ရှိတယ်။
ဒါမှမဟုတ် အူနံရံကနေပြီးတော့ အာရုံကြောတေွ အလုပ်မလုပ်တဲ့အတွက်ကြောင့် ဝမ်းချုပ်စေတဲ့ ရောဂါတေွရှိတယ်။ ဒါမျိုးက အရမ်းရှားပါးပါတယ်။
#Ref(ပါမောက္ခ ဒေါက်တာကျော်ဇင်ဝေ - မေ့ရင်သေွးကောက်နုတ်ချက်မှ)