ကလေးငယ်တွေချောင်းအရမ်းဆိုးနေတာကို ချက်ချင်းသက်သာစေမယ့် အိမ်တွင်းနည်းလမ်းများ
ကလေးငယ်လေးတွေချောင်းဆိုးတဲ့အခါ ကလေးလည်းပင်ပန်း၊ မိဘတွေလည်း အိပ်ရေးပျက်ရ၊စိုးရိမ်ရနဲ့ အရမ်းကိုအလုပ်ရှုပ်ပါတယ်။ ဒါကြောင့် အိမ်က ကလေးလေးတွေ ချောင်းဆိုးတဲ့အခါ ဆေးရုံဆေးခန်းသွားဖို့မလွယ်တဲ့အချိန်တွေမှာ ဒီအရေးပေါ်နည်းလမ်းလေးတွေနဲ့ ချောင်းဆိုးသက်သာအောင် လုပ်ပေးနိုင်ပါတယ်။
ကြက်သွန်နီ၊ကြက်သွန်ဖြူ၊နွားနို့
ကြက်သွန်နီတစ်လုံးကိုရေစင်အောင်ဆေးပြီး အတုံးလေးတွေတုံးထားပါပါ။ ကြက်သွန်ဖြူအမွှာတစ်မွှာကိုအခွံခွာထားပါ။ အိုးတစ်ခုထဲကို နွားနို့တစ်လီတာထည့်ပြီး အတုံးလေးတွေတုံးထားတဲ့ကြက်သွန်နီနဲ့ကြက်သွန်ဖြူကိုထည့်ပြီး ဆူလာသည်အထိကျိုပေးပါ။ ပြီးရင် မီးဖိုပေါ်ကချပြီး အအေးခံကာ ကလေးငယ်ကို မနက်တစ်ခွက်၊ညတစ်ခွက် တိုက်ပေးနိုင်ပါပြီ။
နာနတ်သီးဖျော်ရည်
နာနတ်သီးမှာ bromelain လို့ခေါ်တဲ့ဒြပ်ပေါင်းတစ်မျိုးကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်းရောင်ရမ်းတာတွေကိုသက်သာစေပြီး လည်ချောင်းထဲက သလိပ်တွေကိုရှင်းစေတဲ့အစွမ်းရှိပါတယ်။ ဒါကြောင့် ကလေးငယ်တွေချောင်းဆိုးရင် နာနတ်သီးကိုဖျော်ပြီးတိုက်နိုင်ပါတယ်။
ပြုလုပ်နည်း – နာနတ်သီးတစ်ခြမ်း ၊ ချင်းအနည်းငယ်နဲ့ပျားရည်တစ်ဇွန်း၊တို့ကို blender ထဲထည့်ကြိတ်ပြီး ရလာတဲ့အရည်ကို ရေစစ်သန့်သန့်နဲ့စစ်ကာ ကလေးကို နည်းနည်းချင်းတိုက်ပေးလိုက်ရုံပါပဲ။
ချင်း
ချင်းမှုန့်အနည်းငယ်ကို အဝတ်စနဲ့ထုပ်ပြီး အိပ်ရာမဝင်ခင် ကလေးရဲ့ရင်ဘတ်မှာ ကပ်ထားပေးပြီး ကလေးအိပ်ပျော်သွားချိန်မှာ ခွာပေးပါ။ ကလေးရဲ့အသားအရေကနုနယ်လွန်းတာကြောင့် အသားနဲ့တိုက်ရိုက်ထိတွေ့ပြီးမကပ်ဘဲ အကျႌပေါ်ကနေပဲကပ်ပေးရမှာဖြစ်ပါတယ်။
နနွင်း၊နွားနို့
နွားနို့ကိုဆူပွက်အောင်ကျိုပြီး နနွင်းတစ်ဇွန်းထည့်ကာ အိပ်ရာမဝင်ခင်မှာ ကလေးကိုတိုက်ပေးလိုက်ပါ။ ဒါက အိန္ဒိယလူမျိုးတွေရဲ့ အစွမ်းထက် ရိုးရာနည်းလမ်းတစ်ခုဖြစ်ပါတယ်။
ပင်လယ်ဆား
ပင်လယ်ဆားကိုနည်းနည်းလောက်နွေးလာအောင်အပူပေးပြီး ကလေးရဲ့ခြေဖဝါးနှစ်ဖက်မှာကပ်ကာ အဝတ်စလေးနဲ့စည်းထားပေးလိုက်ပါ။ဆားတွေလုံးဝအေးသွားတဲ့အထိစောင့်ပြီး စည်းထားတဲ့အဝတ်တွေကို ပြန်ဖြည်ပေးလိုက်ပါ။ ကလေးအသားမလောင်သွားအောင် ဆားကိုအရမ်းကြီးပူအောင် အပူမပေးမိဖို့ သတိထားပါ။
ရေနွေးငွေ့နဲ့ရေချိုးပေးပါ
ရေချိုးခန်းထဲမှာ ရေနွေးကိုဖွင့်ထားပြီး တံခါးကိုပိတ်ထားပါ။ ရေချိုးခန်းထဲ ရေနွေးငွေ့တွေပြည့်လာတဲ့အချိန်မှာ အဲ့ဒီရေချိုးခန််းထဲမှာ ကလေးကိုရေနွေးလေးနဲ့ရေချိုးပေးပါ။ ရေနွေးငွေ့က လည်ပင်းထဲကချွဲ သလိပ်တွေကို ရှင်းလင်းစေပြီး ချောင်းဆိုးတာကိုသက်သာစေပါတယ်။
#ကိုယ်ဝန်ဆောင်ကျန်းမာရေး