သင့်မှာကိုယ်ဝန်ဆီးချိုရောဂါ ရှိနေပြီဆိုတာနဲ့ ဆောင်ရရှောင်ရမယ့် အချက်လေးတွေရှိလာပါတယ်။ သတင်းကောင်းတစ်ခုက ကိုယ်ဝန်ဆီးချိုရောဂါကို အစားအသောက်နဲ့ လေ့ကျင့်ခန်းများ ပြုလုပ်ပေးရုံဖြင့် ကျန်းကျန်းမာမာနေနိုင်တာပါပဲ။ ကိုယ်ဝန်ဆီးချို ဖြစ်နေချိန်မှာ စားသင်တဲ့ အစားအစာလေးတွေ ရှိပါတယ်။
အခြေခံကျန်းမာရေးအတွက် ကိုယ်ဝန်ဆီးချိုသမားတစ်ယောက်ဟာ ပရိုတင်းကို စားသုံးသင့်ပါတယ်။ တစ်နေ့တာ အစားအစာမှာ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်များ မဖြစ်မနေ ထည့်စားပေးပါ။ ပြုပြင်ထားသော အသင့်စား အစားအစာများကိုကန့်သတ်ပါ။
သင့်ရဲ့ အစားအစာမှာ ပရိုတင်းနှင့်အတူ သင့်တင့်သော ကာဗို ဟိုက်ဒရိတ်ဓာတ်ပါဝင်သင့်ပေမယ့် ပမာဏများပြားသွားပါက သွေးအတွင်း သကြားဓာတ်ကို တိုးပွားစေနိုင်တာကြောင့် သတိထားပြီး စားသုံးရပါမယ်။ ကာဗိုဟိုက်ဒရိတ်ဓာတ်မှ စုစုပေါင်း ကယ်လိုရီပမာဏရဲ့ ၄၀ရာခိုင်နှုန်းထက်နည်းသော အာဟာရဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ဖို့ အကောင်းဆုံးနေရာ ဖြစ်ပါတယ်။
သင့်မှာ ကိုယ်ဝန်ဆီးချိုရောဂါရှိတယ်ဆိုတာ သိထားပြီးတာနဲ့ သင့်ရဲ့ အထူးကုဆရာဝန်ထံ မည်သည့်အစားအစာများ စားသင့်သလဲဆိုတာ သွားရောက်တိုင်ပင်ပြီး ဆွေးနွေးကာ အကြံဉာဏ်တောင်းခံသင့်ပါတယ်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး