စျေး မီဒီယာ
အခြား

ရိုးရိုးမီးဖွားခြင်းမှာ ကြုံတွေ့ရနိုင်တဲ့ အန္တရာယ်များ

Posted by May Thaw Htoo June 27, 2022
Eg8oejpxtx0vlofuplob

ရိုးရိုးမီးဖွားခြင်းမှာလည်း အနည်းအများ အားနည်းချက်တွေ ရှိနေပါတယ်။ ကိုယ့်ကိုယ်ကို မွေးနိုင်ပြီးထင်ပြီး မွေးလိုက်တယ်။ မွေးလမ်းကြောင်းအထွက်မှာ ကလေးခေါင်းက ငုံ့ပြီးတော့မှ ထွက်ရတယ်။ ဗိုက်ထဲမှာ နေနေတဲ့ ပုံစံကနေ အဆင့်ဆင့် မွေးလမ်းကြောင်းကနေ ဆင်းလာပြီးတော့ နောက်ဆုံး မွေးလမ်းကြောင်းအဝကနေ ထွက်လာဖို့ ကလေးက ခေါင်းကို လည်ပြီးတော့ ငုံ့လာရာကနေ ထွက်ခါနီးရင် ခေါင်းကိုမော့ပြီး ထွက်ရတယ်။

အဲ့ဒီလိုဖြစ်စဉ်တွေက သဘာဝက သူ့အလိုလိုဖြစ်အောင် ဖန်တီးပေးထားတာတွေပါ။ ဒါ့ပေမယ့် တစ်ခါတစ်ရံမှာ မိခင်ရဲ့ တင်ပါးဆုံရိုးကွင်းက ဗိုက်ထဲကနေ ဝင်လာတဲ့နေရာမှာ သိပ်မကျဉ်းပဲ အလယ်ရောက်မှ ကျဉ်းနေတာတွေရှိတယ်။ ကလေးခေါင်းထွက်လာမယ့် နေရာရောက်မှ ကျဉ်းနေတာတွေ ရှိတယ်။ ကလေးခေါင်းဝင်တယ်ဆိုပြီး ရိုးရိုးမွေးလိုက်တာ နောက်ဆုံးထွက်ခါနီးကျမှ မထွက်နိုင်တာတွေ ဖြစ်တတ်ပါတယ်။

အဲ့လိုမျိုးဖြစ်တဲ့အခါ ရိုးရိုးမွေးနေချိန် သားအိမ်အကုန်လုံးပွင့်ပြီးကာမှ မိခင်ဖြစ်သူက ညှစ်မထုတ်နိုင်တော့လို့ ကူပြီး မွေးပေးရတယ်။ လေစုပ်ရတယ်။ ညှပ်ဆွဲရတယ်။ လေစုပ်ကိရိယာနဲ့ ကူပြီး မွေးဖွားပေးရတာတွေရှိတယ်။ ညှပ်နဲ့ဆွဲပြီး မွေးဖွားပေးရတာတွေရှိတယ်။ အဲ့လိုလုပ်လိုက်ပြီဆိုတာနဲ့ သဘာဝအတိုင်းမွေးသလို မဟုတ်တော့ပါဘူး။ ကလေးက လေစုပ်တဲ့ စုပ်ခွက်ရာခံရမယ်။ ညှပ်ဆွဲတဲ့ ညှပ်ရာခံရမယ်။ ညှပ်ထိတဲ့ နေရာတွေရှိမယ်။ ကလေးရဲ့ ခေါင်းအနေအထားမှန်ရင် အကြောင်းမဟုတ်ပေမယ့် အနေအထား မမှန်တဲ့အခါ ညှပ်ရာက မျက်နှာမှာလာပြီး ထိမိတာမျိုးလေးတွေ ဖြစ်နိုင်ပါတယ်။

ဒါ့အပြင် အမေရဲ့ သားအိမ်အဝဆုတ်ပြဲတာ ၊ မွေးလမ်းကြောင်းအဝမှာ ဆုတ်ပြဲတာ ၊ မွေးလမ်းကြောင်းအထဲမှာ ဆုတ်ပြဲတာမျိုးလေးတွေ ဖြစ်နိုင်ပါတယ်။ တစ်ခါတစ်ရံ အောက်ကနေ ဘယ်လိုမှမမွေးနိုင်တော့လို့ ညှပ်ဆွဲလို့လည်း မရဘူး။ လေစုပ်လို့လည်း မရဘူး။ လေစုပ်လို့လည်း မရဘူး။ သားအိမ်အဝကတော့ပွင့်ပြီ။ ကလေးခေါင်းက မြင့်နေသေးတယ်။ ဘယ်လို့မှ ရိုးရိုးမွေးလို့ မရတော့လို့ နောက်ဆုံး ဗိုက်ခွဲမွေးလိုက်ရတာမျိုးတွေ ရှိလာနိုင်ပါတယ်။

မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.