စျေး မီဒီယာ
အခြား

မီးဖွားပြီးကာစ မိခင်တွေ စားသုံးသင့်တဲ့ အစားအစာများ

Posted by May Thaw Htoo June 6, 2022
B6bbqfdxudathhm0xnzz

မီးဖွားပြီးခါက မိခင်တွေအနေနဲ့ သူတို့ရဲ့ မွေးကင်းစရင်သွေးကို နို့ချိုတိုက်ကျွေးနိုင်ဖို့အတွက် အာဟာရပြည့်ဝတဲ့ အစားအသောက်တွေ စားသုံးပေးဖို့ လိုအပ်ပါတယ်။ မိမိကိုယ်ကို အားအင်ဖြစ်စေမယ့် အရာတွေ စားသုံးပေးရုံသာမကပဲ ရင်သွေးငယ်အတွက်ပါရည်ရွယ်ပြီး စားသုံးနေရတာဖြစ်တာကြောင့် နို့တိုက်ကာလမှာ အစားမမှားဖို့ကလည်း အထူးဂရုစိုက်ရမယ့် အရာတစ်ခုပါပဲ။

နို့တိုက်မိခင်တွေအတွက် နို့ရည်ထုတ်လုပ်မှုကိုအကောင်းဆုံး မြှင့်တင်ပေးနိုင်မှာကတော့ မုန်လာဥနီပါပဲ။ မုန်လာဥနီပုံမှန်စားသုံးပေးခြင်းဟာ နို့တိုက်မိခင်တွေအတွက် အံ့အားသင့်စရာကောင်းလောက်အောင် အကျိုးများစေမှာ ဖြစ်ပါတယ်။ နောက်ထပ်တစ်မျိုးကတော့ ဟင်းနုနယ်ရွက်ပါ။

သံဓါတ်ကြွယ်ဝစွာပါဝင်တဲ့ ဟင်းနုနယ်ရွက်ဟာ နို့တိုက်ချိန်မှာသာမက ကိုယ်ဝန်ဆောင်ကာလမှာကတည်းက စားသုံးပေးသင့်တဲ့ အစားအစာတစ်မျိုးပဲ ဖြစ်ပါတယ်။ လူကြိုက်အများဆုံး ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်တဲ့ နနွင်းမှုန့်ဟာလည်း မိခင်နှင့်ကလေး ကျန်းမာရေးအတွက် အရမ်းအသုံးဝင်ပါတယ်။

တိုင်းရင်းဆေးအဖြစ်ပါအသုံးပြုနိုင်တဲ့ နနွင်းမှုန့်ဟာ နို့သီးခေါင်းကွဲအက်ခြင်းကို အကောင်းဆုံး ကုစားပေးနိုင်မှာပါ။ ဂျင်းနဲ့ကြက်သွန်ဖြူတို့ဟာလည်း နို့တိုက်မိခင်တွေအတွက် အသင့်တော်ဆုံး အစားအစာများအဖြစ် မပါမဖြစ် ထည့်သွင်းပေးရမှာပါ။

မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.