ရင်သွေးငယ်လေးတွေရဲ့ ငယ်သွားလေးများ စတင်ပေါ်ပေါက်လာချိန်မှာကတည်းက သွားသန့်ရှင်းရေး ပြုလုပ်ပေးနိုင်ပါတယ်။ အစာစားပြီးချိန်နဲ့ အိပ်ရာဝင်ချိန်တွေမှာ ကလေးရဲ့ သွားနဲ့လျှာအား အရှေ့သို့ ညင်သာစွာ ထုတ်စေပြီး သန့်ရှင်းစိုစွတ်သော အဝတ်ဖြင့် သန့်စင်ပေးရပါမယ်။
ကလေးအထူးကု ဆရာဝန်များက စိုစွတ်သော သွားတိုက်တံမှာ ဖလိုရိုက်ပါဝင်သော သွားတိုက်ဆေးကို ဆန်စေ့ပမာဏထက် မပိုအောင်သာ အသုံးပြုသင့်ကြောင့် အကြံပေးကြပါတယ်။ သွားပွတ်တံများကလည်း အလွန်ပျော့ပျောင်းဖို့ လိုပါတယ်။
သွားတိုက်တံမှာ စုတ်တံသုံးလိုင်းထက် ပိုမပါသင့်ပါ။ ကလေးအထူးကုဆရာဝန်ထံမှာ မိမိရင်သွေးနဲ့ သင့်တော်မယ့် ကလေးသွားပွတ်တံ အမျိုးအားကို မေးမြန်းနိုင်ပါတယ်။
သွားတိုက်တံများဟာ အနည်းဆုံး၂လမှ ၄လအတွင်း အနားများ ကြမ်းတမ်း ဖွာထွက်လာတတ်တာကြောင့် အသစ်လဲပေးရပါမယ်။ အသစ်လဲမပေးပါက ဘက်တီးရီးယားများ ခိုအောင်းပြီး ခံတွင်းနှင့်သက်ဆိုင်သော ရောဂါများ ဖြစ်ပေါ်နိုင်ပါတယ်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး