ပထမသုံးလပတ် ကိုယ်ဝန်ဆောင်စစ်ဆေးမှုကို (၁၀)ပတ်အတွင်း စတင်နိုင်ပါတယ်။ အဆိုပါစစ်ဆေးမှုမှာ များသောအားဖြင့် သွေးစစ်ဆေးမှုနှင့် အာထရာဆောင်းတို့ ပါဝင်ပါတယ်။ သူတို့ဟာ သန္ဓေသားရဲ့ အလုံးစုံဖွံ့ဖြိုးတိုးတက်မှုနဲ့အတူ ဒေါင်းရောဂါကဲ့သို့သော မွေးရာပါရောဂါ အန္တရာယ် ရှိမရှိ စစ်ဆေးပါတယ်။
သင့်ရင်သွေးရဲ့ နှလုံးခုန်နှုန်း မူမမှန်ခြင်း ၊ cystic fibrosis နဲ့ အခြားဖွံ့ဖြိုးမှုဆိုင်ရာ ပုံမှန်မဟုတ်သော အကြောင်းအရာများကိုလည်း စစ်ဆေးပေးပါတယ်။ ဒီထက်ပိုပြီး စိတ်ဝင်စားစရာ ကောင်းတာက စောစီးစွာ သန္ဓေသားရဲ့ လိင်ကို ဆုံးဖြတ်နိုင်ခြင်းပါပဲ။
ဒုတိယသုံးလပတ်စစ်ဆေးမှုကို ၁၄ပတ်မှ ၁၈ပတ်အကြား ပြုလုပ်နိုင်ပြီး သန္ဓေသားရဲ့ ဒေါင်းရောဂါသို့မဟုတ် အာရုံကြောပြွန်ချွို့တဲ့သော ကလေးရှိခြင်းအတွက် အန္တရာယ်ရှိမရှိ စစ်ဆေးတဲ့ သွေးစစ်ခြင်း ပါဝင်နိုင်ပါတယ်။
သန္ဓေသားရဲ့ ခန္ဓာဗေကို ဂရုတစိုက် ကြည့်ရှုခွင့်ပြုတဲ့ အာထရာဆောင်းကို ပုံမှန်အားဖြင့် ကိုယ်ဝန် ၁၈ပတ်မှ ၂၂ပတ်ကြားမှသာ ခွင့်ပေးပါတယ်။ စမ်းသပ်စစ်ဆေးမှုများတွင် ပုံမှန်မဟုတ်သော အခြေအနေများ တွေ့ရှိပါက နောက်ဆက်တွဲ ရောဂါရှာဖွေစစ်ဆေးမှုများ ထပ်မံပြုလုပ်နိုင်ပါတယ်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး