စျေး မီဒီယာ
တစ်နှစ်မှ သုံးနှစ်

ကလေးငယ်များတွင် ကားမူးခြင်းကို ကာကွယ်ရန် ဒီလို လုပ္ေပးပါ

Posted by Zaw Lin Aung November 12, 2020
Op7wpbjcemdveim5bdoq

ကလေးငယ်များကို ကားနောက်ခန်းတွင် လှဲအိပ်စေခြင်း၊ အပြင်ကို မကြည့်စေခြင်း၊ စာအုပ်ဖတ်ခြင်း၊ မိုဘိုင်းဖုန်း အသုံးပြုခြင်းတို့ကြောင့် ကားမူးခြင်းကို ပိုမိုဖြစ်ပေါ်စေပါတယ်။ အရှိန်နဲ့ ရွေ့လျားနေတာကို နားကသတိထားမိပေမယ့် မျက်စိက တစ်ခုခုကိုကြည့်နေ အာရုံစိုက်နေတာကြောင့် ရွေ့လျားနေတာကို မသိဖြစ်တတ်ပါတယ်။ ဒီလို မညီမျှမှုကြောင့် ကားမူးခြင်းရဲ့ လက္ခဏာတွေဖြစ်တဲ့ ဝမ်းဗိုက်အတွင်း မအီမသာဖြစ်ခြင်း၊ ချွေးစေးများပျံခြင်း ၊ မောပန်းခြင်း၊ အစားအသောက်ပျက်ခြင်း၊ အန်ခြင်းတို့ကို ဖြစ်ပွားစေပါတယ်။

Qazvp9yu08md64wq7t8f

ကလေးငယ်များ ကားမူးခြင်းကို ကာကွယ်နိုင်ရန်
--------------------------------------------------

၁။ ခရီးသွားရင် ပြင်ပ ပတ်ဝန်းကျင်ကို ကြည့်ပါစေ၊ စာအုပ်ဖတ်ခြင်း၊ ဂိမ်းဆော့ခြင်း တို့ကို ရှောင်ခိုင်းပါ။
၂။ တရေးအိပ်တတ်သူဖြစ်ပါက ကားပေါ်မှာ အိပ်စေနိုင်ပါတယ်။
၃။ ခရီးသွားခါနီးမှာ အစပ်နဲ့ အဆီများတဲ့ အစာတွေကို မကျွေးမိပါစေနဲ့၊ ခရီးတိုလေးသွား မယ်ဆိုရင် အစာမကျွေးထားတာ အကောင်းဆုံးပါ၊ ခရီးရှည်မယ်ဆိုရင်တော့ မုန့်ခြောက် နဲ့ ဖျော်ရည်ကို နည်းနည်းစီကျွေးပါ။
၄။ လေဝင်လေထွက်ကောင်းတဲ့ နေရာမှာထားပါ၊ ကားအတွင်း အနံ့ဆိုးတွေ မရှိပါစေနဲ့။

Zuaqrneey1v6v8hxilag

၅။ ကားမူးတာကို အာရုံလွှဲထားနိုင်အောင် စကားပြောပေးတာ၊ သီချင်းနားထောင်စေတာ၊ သီချင်းဆိုခိုင်းတာတွေ ပြုလုပ်နိုင်ပါတယ်။
၆။ ကလေးအသက် ၂နှစ်ကျော်ပြီဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး အမူးကာကွယ်စေတဲ့ဆေးတွေ တိုက်နိုင်ပါတယ်။
၇။ ကလေးကားမူးလာပြီဆိုတာနဲ့ ကားကို ချက်ချင်းရပ်ပါ၊ ခဏအပြင်ထွက်ပြီး၊ လမ်းလျှောက်စေပါ။ ဒါမှမဟုတ်ရင် မျက်လုံးမှိတ်ပြီး ခဏလောက်လှဲနေပါစေ၊ နဖူးပေါ်ရေခဲကပ်ပေးတာကလဲ ကားမူးတာကို သက်သာစေနိုင်ပါတယ်။
#Ref..Mayo Clinic
#ရှမ်းပုတ်(မိုမိုလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.