ရင်သွေးငယ်လေးတွေမှာ ဦးရေပြားနာဖြစ်တဲ့အခါ ကလေးကို စောင့်ရှောက်ပေးတဲ့သူဟာ နေ့တိုင်း ကလေးငယ်ရဲ့ဦးခေါင်းကို နူးညံ့သော ကလေးခေါင်းလျှော်ရည်ဖြင့် ညင်သာစွာ ဆေးကြောပေးရပါမယ်။
ထွက်လာသော အနာဖေးနှင့် ချေးများကိုလည်း ညင်ညင်သာသာ သန့်ရှင်းရေးလုပ်ပေးရပါမယ်။ အနာဖေးများ ပျောက်ကွယ်သွားတဲ့အခါ ပြန်ထွက်မလာစေဖို့ ဦးရေပြားကို သန့်ရှင်းသော အဝတ်ဖြင့် သုတ်သင်ပေးပါ။
ယင်းကဲ့သို့နည်းလမ်းဖြင့် မပျောက်ကင်းပါက ကလေးအထူးကုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ ကလေးခေါင်းလျှော်ရည် အမျိုးအစားကို ရွေးချယ်ပါ။
ခေါင်းမလျှော်ပေးမီ ဆီတစ်မျိုးမျိုး လိမ်းပေးပါ။ ရောင်ရမ်းခြင်းကဲ့သို့ ကူးစက်ရောဂါလက္ခဏာများ ပေါ်ပေါက်နေပါက ဦးရေပြားနာ ပြင်းထန်လာနိုင်တာကြောင့် ဆရာဝန်ထံ အမြန်ဆုံး သွားရောက်တိုင်ပင်ရပါမယ်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး